Chapter 37: She Really Wanted To Protect Him

9.6K 1.3K 54
                                    

UNICODE

"မင်းကို အခွင့်အရေးယူတယ်?"

"အင်းလေ.... အစ်ကိုက ကျွန်တော့်ထက်လည်း အသက်အရမ်းမကြီးဘဲ တစ်ချိန်လုံး ကျွန်တော့် လူကြီး ဖြစ်ချင်နေတာ"
(T/N: ရန်ရန်ပြောတဲ့ လူကြီးဆိုတာက အုပ်ထိန်းသူပုံစံမျိုးကိုပြောတာပါ ယူတို့ပေါက်ကရမတွေးခင် ပြောပြထားတာ)

ချူယန်က ပိုပြီးလေးနက်တဲ့ပုံစံဖြစ်အောင်လုပ်လိုက်ပြီး လက်နောက်ပစ်ကာ "သုံးနှစ်ကွာတယ်လေ... မင်းထက် နှစ်နည်းနည်းပဲ ကြီးရင်တောင် ငါ့ကို ဦးလေးလို့ မင်းခေါ်သင့်တယ်"

ချူယန်ရဲ့ ဖြူနုပြီးခန့်ညားတဲ့ မျက်နှာကိုကြည့်ရင်း ယဲ့ချင်းရန် မနေနိုင်ဘဲ စတော့သည်။ "ဒယ်ဒီလို့ ဘာလို့ခေါ်ခွင့်မပေးလဲ"

ဒါပေါ့ ဒယ်ဒီဆိုတာ အဖေကို ဆိုလိုချင်တာမဟုတ်ဘူးလေ

"အို" ချူယန်က သူမကို ငုံ့ကြည့်လိုက်ပြီး မထူးခြားတဲ့လေသံဖြင့်ပြောလိုက်သည်။ "ဒါဆိုလည်း မင်းခေါ်တာ ကြားရအောင်"

ယဲ့ချင်းရန် ကြောင်အသွားပြီး မယုံကြည်နိုင်တဲ့ ပုံစံဖြင့် ပြောလိုက်သည်။ "ဘယ်လို ဒယ်ဒီမျိုး ဖြစ်ချင်တာလဲ? သွေးသားတော်စပ်တဲ့ အဖေလား ဒါမှမဟုတ် Sugar Daddy လား... အဲ့နှစ်ခုက လုံးဝအဓိပ္ပါယ်မတူဘူးလေ"

ချူယန်ရဲ့ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိပေ။ "နှစ်ခုလုံး အဆင်ပြေတာပဲ"

ယဲ့ချင်းရန်က သူ့ကို ပဟေဠိဖြစ်နေတဲ့ ပုံစံနဲ့ ကြည့်ကာ "ဒယ်ဒီဆိုတဲ့ အဓိပ္ပါယ်ကို အစ်ကို သိရောသိရဲ့လား"

ချူယန်တိတ်ဆိတ်သွားကာ ဘာမှမပြောတော့ပေ.... သူပြောတဲ့အဓိပ္ပါယ်ကို မည်သူမှ မသိပေ...

ခြေသံနှင့်အတူ ချူရုန်ရုန်က ပျော်ရွှင်စွာ ပြေးဆင်းလာသည်။

ဧည့်ခန်းတွင် ယဲ့ချင်းရန်နှင့် ချူယန်ကို မြင်လိုက်ရချိန်မှာတော့ ရုတ်တရက်ရပ်သွားသည်။ အကြောင်းတစ်ချို့ကြောင့် ဒီနှစ်ယောက်ကြားထဲမှာ ထူးဆန်းတဲ့အရာ တစ်ခုရှိနေတယ်လို့ သူမခံစားလိုက်ရသည်။ ချူယန်နှင့် ယဲ့ချင်းရန်ကြားထဲ သူမကြည့်လိုက်သော်ငြားလည်း သူတို့နှစ်ယောက်ရဲ့ အမူအရာက ထူးဆန်းတဲ့ပုံစံ ဘာမှမရှိပေ... သူမအတွေးလွန်နေတာပဲ ဖြစ်ပါလိမ့်မည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now