Chapter 155: Is This Time Considered Lying Down?

7.4K 1.1K 66
                                    

UNICODE

တုန်ဖန်းယွီရဲ့ မျက်လုံးက မလိုမုန်းတီးမှုတွေနှင့် ပြည့်နေကာ သွားကို ကြိတ်ရင်း မေးလိုက်သည်။

"ယဲ့ချင်းရန်က မင်းကို အကွက်ဆင်တယ်? အဲ့ယောကျာ်းတွေနဲ့ ယဲ့ချင်းရန်က ဘာလုပ်လဲ? ယဲ့ချင်းရန်က အဲ့ယောကျာ်းတွေကို မင်းကို မြူဆွယ်ဖို့ လွှတ်လိုက်တာလို့ ငါ့ကို မပြောနဲ့"

သူအရမ်းစိတ်ပျက်မိသည်။

အခုချိန်မှာတောင် မုချင်းရွဲက သူ့ကို လိမ်ချင်နေတုန်းဖြစ်သည်။ ယဲ့ချင်းရန်ကိုတောင် ဆင်ခြေအနေနဲ့ သုံးလိုက်သေးသည်။

ယဲ့ချင်းရန်က စက်ဆုပ်ဖို့ကောင်းပြီး အန္တရာယ်များတဲ့သူလို့ ထင်ပေမယ့် ယဲ့ချင်းရန်က သူမကို ထိန်းချုပ်ပြီး ထိုယောကျာ်းတွေနဲ့ အတူတူရှိဖို့ လုပ်ထားတာလို့ တွေးရလောက်အောင်တော့ သူ မတုံးသေးပေ။

သူမက လောဘကြီးပြီး ပိုကောင်းတဲ့ ဘဝမျိုးအတွက် သူမကိုယ်သူမတောင် အလဲအထပ်လုပ်ချင်တာ ရှင်းလင်းနေသည်။

မုချင်းရွဲက ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး ငါရှင်းပြတာ နားထောင်ပါဦး"

အစကနေအဆုံးထိ သူမ သဘောကျခဲ့ရသည့်သူက တုန်ဖန်းယွီဖြစ်သည်။ တုန်ဖန်းယွီနှင့် ထာဝရအတူရှိသွားချင်ပြီး အဆုံးထိ သူတို့ တူတူရှိမယ်လို့ အမြဲတွေးထားခဲ့တာဖြစ်သည်။ (T/N: သိပ်မကြာခင်တုန်းက လုံကျွင်းယောင်ပါဆို အယ်မကလည်း လေယူရာကို ယိမ်းနေလိုက်တာ)

တုန်ဖန်းယွီက သူမကို စိတ်ဆိုးစွာ ကြားဖြတ်ပြောလိုက်သည်။ "ထပ်မရှင်းပြနဲ့တော့။ မင်းထပ်ရှင်းပြလေ ငါ့ကိုယ်ငါ အရူးလို့ ပိုခံစားရလေပဲ"

သူ့ရဲ့ အော်ထည့်လိုက်မှုကြောင့် မုချင်းရွဲ အနည်းငယ်တောင့်တင်းသွားသည်။ ထိုအချိန်မှာ တုန်ဖန်းယွီက ဘယ်လောက်တောင် စိတ်ဆိုးနေလဲဆိုတာ သူမ ခံစားမိသည်။ ဖြစ်နိုင်ရင် သူမကို မီးရှို့ပစ်လိုက်ချင်နေသည့်ပုံဖြစ်နေသည်။

သို့သော်လည်း အခုချိန်မှာ သူမ မှီခိုလို့ရသည့် တစ်ဦးတည်းသောသူက တုန်ဖန်းယွီသာဖြစ်နေသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now