Chapter 100: How did She Fall in Love?

8.3K 1.3K 51
                                    

UNICODE

ချူရုန်ရုန်က စားပွဲထိုးမှ တံခါးခေါက်ပြီး ဟင်းပွဲတွေလာပို့တော့မှ ငိုတာရပ်သွားသည်။ သူမ၏ မျက်လုံးတွေက ယုန်လိုနီရဲနေသည်။ သူမက နှစ်ခါလောက် ရှိုက်လိုက်သေးသည်။

"အစ်ကိုရန်က ငါ့အစ်ကိုနဲ့ ဖောက်ပြန်နေတာကိုတောင် ငါ့ကို မနှစ်သိမ့်ပေးနိုင်ဘူးလား? ငါက နင့်ရဲ့သစ္စာဖောက်မှုကို လက်မခံနိုင်ဘဲ အိမ်ကနေထွက်ပြေးပြီး နင့်ကို လက်စားချေမှာကို မကြောက်ဘူးလား?"

ထိုခြိမ်းခြောက်မှုက ယဲ့ချင်းရန်ကို ထပ်ပြီး ရယ်သွားစေသည်။ အရမ်းလည်း မရယ်ရဲဘဲ လေးနက်စွာ ပြောလိုက်သည်။

"အိမ်ကနေထွက်ပြေးတာ အကောင်းဆုံးလက်စားချေတဲ့နည်းလို့တော့ ငါမထင်ဘူး...အကောင်းဆုံးနည်းကတော့ ငါ့ထက်ပိုပြီးချောတဲ့ ငါ့ထက်ပိုထူးချွန်ပြီး မင်းကို ချစ်ပေးအလိုလိုက်ပေးတဲ့ ကောင်လေးကို ရှာတာပဲ... အဲ့လူကို ငါ့ရှေ့ခေါ်လာပြီး ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာမျိုးနဲ့ ငါ့ဘဝတစ်လျှောက်လုံး နောင်တရအောင် လုပ်တာက အကောင်းဆုံးလက်စားချေနည်းပဲ..."

ချူရုန်ရုန်က တဟင့်ဟင့်ဖြင့် ရှိုက်လာသည်။ "ငါ့နှလုံးသားထဲမှာတော့ အထူးချွန်ဆုံးလူက နင်နဲ့ ငါ့ကိုကိုပဲ ဒါပေမယ့် နင်တို့နှစ်ယောက်က..."

သူမက နှုတ်ခမ်းတင်းတင်းစေ့ကာ ထပ်ငိုချင်လာသည်။

ယဲ့ချင်းရန် နှုတ်ခမ်းထောင့်က မသိမသာကွေးတတ်သွားသည်။ "မင်းအစ်ကိုနဲ့ငါက သူငယ်ချင်းပဲဖြစ်နေပြီး ဒီနေ့ဖြစ်တဲ့အကုန်လုံးက သရုပ်ဆောင်တာပဲလို့ပြောရင် မင်း ငါ့ကို ယုံမှာလား?"

"ငရဲပဲသွားလိုက်မယ်"

အရင်ကတော့ သူမအစ်ကိုနှင့်ယဲ့ချင်းရန်ကြား ဒီလိုရှိလာလိမ့်မယ်လို့ သူမ မထင်ထားပေ။ ဒါပေမယ့် အခုတော့ သူမသိခဲ့ပြီ။ သူတို့က အယောင်ဆောင်ပြီး သရုပ်ဆောင်တယ်လို့ ပြောရင်တောင် သူမလုံးဝမယုံကြည်ပေ။ ဘာလို့လဲဆိုတော့ သူမအစ်ကိုအကြောင်းကို သူမကောင်းကောင်းသိသည်။

သူမအစ်ကိုက ဘယ်အရာကိုမှ ဂရုမစိုက်သလိုလို့ ထင်ရသည်။ ထိုအဖက်မလုပ်သည့်ဟန်က အေးစက်လွန်းကာ သူ၏ နည်းလမ်းတွေက ကြောက်ဖို့ကောင်းသည်။ နည်းဗျူဟာချရသည်ကို သဘောကျပြီး အရမ်းကို ထိန်းချုပ်တတ်ကာ အရမ်းကို လွှမ်းမိုးနိုင်သည့်သူဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now