Chapter 27: She Wanted To Be The Damsel Saving The Hero

9.5K 1.2K 35
                                    

Suit အဖြူရောင်ဝတ်ထားတဲ့ ယောကျာ်းတစ်ယောက်က မုချင်းရွဲကို ထိန်းပေးလိုက်သည်။ "မင်းအဆင်ပြေရဲ့လား"

သူမကို ရုတ်တရက်ထိလာသည့် ယောကျာ်းကို မုချင်းရွဲကြည့်လိုက်တော့ ထိုယောကျာ်းရဲ့ ခန့်ညားတဲ့မျက်နှာက သူမကို စကားမပြောခင် ခဏလောက် တုန့်ဆိုင်းသွားစေသည်။ "ကျေးဇူးပါ"

ထိုယောကျာ်းရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်ကြောင့် ရှားရှားလည်း အံ့အားသင့်သွားသည်။ "နင်... နင်က ဘယ်သူလဲ"

ထိုယောကျာ်းရဲ့အသံက အံ့အားသင့်စရာကောင်းလောက်အောင် အေးစက်နေသည်။ "လျှောက်လမ်းမှာ စောင့်ကြည့်ကင်မရာတွေရှိတယ်... ရဲခေါ်ပြီး ဘယ်သူက တောင်းပန်သင့်လဲဆိုတာ ဆုံးဖြတ်ခိုင်းရမလား"

ရှားရှားရဲ့ မျက်နှာက ဖြူဖျော့သွားပြီး ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားသည်။

မုချင်းရွဲက ထိုယောကျာ်းအား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး "အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးပါ Sir"

ထိုသို့ပြောပြီးတာနဲ့ ထိုယောကျာ်းအား ယဉ်ကျေးစွာ ဦးညွတ်လိုက်သည်။ ထိုအပြုအမူက ထိုယောကျာ်းကို ရယ်သွားစေသည်။ သူက မုချင်းရွဲရဲ့မေးစေ့ကို လက်ဖြင့် ညင်သာစွာ ပင့်တင်လိုက်သည်။ သူ့အကြည့်တွေက သူမကို ကိုယ်လုံးတီးဖြစ်စေလောက်သည်အထိ စူးရှသည်။ "မင်းနာမည်ဘယ်လိုခေါ်လဲ"

မုချင်းရွဲရဲ့ မျက်နှာက နီရဲသွားပြီး သူမနောက်ဆုတ်လိုက်ကာ "ကျေးဇူးပြုပြီး လေးစားမှုရှိပါ Sir"

သူ့ရဲ့ Tailored Suit သူ့ရဲ့ Custom made နာရီ သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာက သူမအိပ်မက်ထဲက မင်းသားလေးနှင့်တူသည်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ ထိုသူက အန္တရာယ်များတယ်လို့ ခံစားရသည်။ ဒါကြောင့် ပြောပြီးသည်နှင့် မုချင်းရွဲက လှည့်ထွက်ကာ ထွက်ပြေးသွားသည်။

ထိုလူက မုချင်းရွဲရဲ့နောက်ကျောကိုကြည့်ကာ ပြုံးလိုက်ရင်း "စိတ်ဝင်စားစရာပဲ"

စောင့်ကြည့်ကင်မရာမှတစ်ဆင့် ထိုသူရဲ့ အချက်အလက်ကို ယဲ့ချင်းရန် ချက်ချင်းစစ်ဆေးလိုက်သည်။ ထိုလူက ဇာတ်လိုက်ကောင်တွေထဲက တစ်ယောက် လုံကျွင်းယောင်ဖြစ်သည်။ သူက နဂါးနန်းတော်ရဲ့ ဘောစ့်ဖြစ်ပြီး သူ့ပုံစံက အထက်တန်းကျပြီး ကောင်းမွန်စွာ ဝတ်စားကာ ယဉ်ကျေးသည်။ လူတိုင်းကို ပြုံးပြတတ်သည်။ သို့သော်ငြားလည်း ဇာတ်လိုက် ၅ယောက်ထဲမှာ သူက အအေးစက်ဆုံး ကိုင်တွယ်ရခက်ပြီး အကောက်ကျစ်တတ်ဆုံးသောသူဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now