Chapter 114: Her Celebration and Crisis

7.8K 1.2K 78
                                    

UNICODE

ယဲ့ချင်းရန်က လျင်မြန်စွာရှောင်လိုက်တော့ မုချင်းရွဲက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ မုချင်းရွဲ မျက်နှာက နှင်းတွေလို ဖြူဖျော့သွားသည်။ ပြုတ်ကျသည့်အရှိန်က ပြင်းတော့ သူမခြေထောက်ရော လက်ပါ နာသွားသည့်အပြင် ခေတ္တမျှ မူးဝေသွား၏။ ကြမ်းပြင်ပေါ်ကနေပြန်ထဖို့ သူမလက်ကို အားယူလိုက်ပေမယ့် ချက်ချင်းပြန်မထနိုင်ပေ။

သူမအကျီတွေက စောင်းကျသွားလို့ သူမရဲ့ ဖြူဖွေးသည့် ပုခုံးသားလေးက ပေါ်လာသည်။ အပေါ်ကနေကြည့်လျှင် သူမရဲ့ ပြည့်တင်းနေသည့် ရင်သားအစုံကို မြင်ရသည်။

"မင်းက ငါ့စည်းကို ကျော်လာပြီ" ယဲ့ချင်းရန်က ဘေးတွင်ရပ်နေပြီး မုချင်းရွဲကို ရှုပ်ယှက်ခက်နေသည့် အကြည့်ဖြင့် ကြည့်နေသည်။ ထိုအကြည့်ထဲတွင် အထင်သေးတာမျိုးလည်းမရှိနေသလို တင်းမာနေတာမျိုးလည်းမရှိပေ။ ပဟေဠိဖြစ်နေသည့်ဟန်နှင့် အဖက်မလုပ်သည့်ဟန်မျိုးသာ ရှိနေသည်။

မုချင်းရွဲ၏ ကိုယ် မသိမသာတုန်ယင်သွားကာ သူမနှုတ်ခမ်းကိုပါ ကိုက်မိသွားသည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ရင်း သူမမူလပုံစံကို ထိန်းထားသည်။ သူမက မိုးဖွဲလေးတွေလို တင့်တယ်သည့်ဟန်ဖြင့် ရင်းနှီးသည့်ပုံစံအပြည့်ဖြစ်နေသည်။ "ယဲ့ချင်းရန် ယောကျာ်းတစ်ယောက်အနေနဲ့ နင်မလိုချင်ဘူးလား...နင်ပြောလိုက်တာနဲ့ နင့်အလိုတိုင်းငါလုပ်ပေးမှာ" (T/N: သူများကို ဒုက္ခပေးဖို့ လုပ်နေတဲ့ နည်းတွေက ကိုယ့်ကိုကိုယ်ဘယ်အဆင့်ကိုရောက်သွားလဲဆိုတာ မသိဘူးလားမသိဘူး... ဖတ်ဖူးသမျှ transmigrating တွေထဲမှာ ဒီဇာတ်လိုက်မက အောက်တန်းစာအဆန်ဆုံးပဲ)

"ဟိဟိ"

ယဲ့ချင်းရန်က သူမရှေ့တွင် လဲကျနေသည့် မုချင်းရွဲကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်လိုက်သည်။ "မင်းရုပ်ရည်က သာမန်ပဲဆိုပေမယ့် မင်းကိုယ်ကတော့ တကယ်ဆွဲဆောင်မှုရှိပါတယ်... ငြင်းဆိုနိုင်တဲ့ ယောကျာ်းက နည်းနည်းပဲရှိလိမ့်မယ်...ငါ့မှာ အသန့်ကြိုက်တဲ့ရောဂါရှိတာတော့ သနားစရာပဲ"

မုချင်းရွဲ၏ မျက်လုံးအစုံက မှုန်မှိုင်းသွားသည်။ သူမဘေးရှိ ဘီဒိုကို အားပြုပြီးထလိုက်ကာ ယဲ့ချင်းရန်ကို တည့်တည့်ကြည့်လိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now