Chapter 143: She Was Getting Sick This Time

6.9K 1K 18
                                    

UNICODE

မုချင်းရွဲက နှုတ်ခမ်းကို ကိုက်လိုက်ပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင်နေလိုက်သည်။ "ယဲ့ချင်းရန် ဒီနေ့ ငါ နင့်ကို ရန်မစမိဘူးနော်။ နင်အရမ်းကြီး ထူးထူးဆန်းဆန်းမလုပ်ဘဲ နေလို့မရဘူးလား?"

ယဲ့ချင်းရန်က ခစ်ကနဲရယ်လိုက်ပြီး ပေါ့ပေါ့ပါးပါးနှင့် ရေရွတ်လိုက်သည်။ "အို မင်းက ငါ့ကို ရန်မစခဲ့ဘူးပေါ့ မင်းက ငါ့ကို ရန်မစခဲ့ဘူးပေါ့လေ"

မုချင်းရွဲက မေးကိုပင့်လိုက်သည်။ "ငါစဉ်းစားပြီးပြီ နောက်ကျရင်လည်း နင့်ကို ငါ ရန်မစတော့ဘူး။ အရင်က ငါတို့ကြားထဲ မကျေလည်မှုတွေရှိတာကို ငါသိတယ် နင်နဲ့ ယဲ့မိသားစုကိုလည်း ငါမုန်းခဲ့တယ်။ ဒါပေမယ့် အခုအချိန်အတွင်းမှာ ငါစဉ်းစားခဲ့တယ်။ ငါ့မှာ ဘာမှမရှိဘူး။ ငါဘာမှလုပ်လို့မရဘူး။ ဘာလို့ ငါက ငါ့ဘဝတစ်လျှောက်လုံး အမုန်းတရားတွေထဲ နစ်မွန်းနေရမှာလဲလို့။ နင် ငါ့အပေါ်လုပ်ခဲ့တာတွေလည်း ငါခွင့်လွှတ်တယ် ယဲ့မိသားစုကိုလည်း ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ငါ့ကိုယ်ငါ ပြန်အဖက်ဆယ်ဖို့ စဉ်းစားလိုက်ပြီ"
ယဲ့ချင်းရန်က ဒီစကားကိုကြားတော့ မုချင်းရွဲကို လက်ခုပ်ပါတီးပေးလိုက်ချင်သည်။ သူမပြောတာတွေက အရမ်းကို အံ့အားသင့်စရာပါပဲ။

သူမက ရယ်သံလုပ်လိုက်ပြီး ရယ်ချင်နေသည်။ "မင်းက ငါတို့ယဲ့မိသားစုကို ခွင့်လွှတ်ပေးတယ်ပေါ့လေ?"

မုချင်းရွဲက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ အရမ်းကို စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။ "ဟုတ်တယ် ယဲ့ချင်းရန် ကျေလိုက်ကြရအောင်"

ယဲ့ချင်းရန်က ရှေ့သို့ ပျင်းရိပျင်းတွဲဟန်ဖြင့် မှီချလိုက်သည်။

သူမက မုချင်းရွဲ နားကို တိုးတိုးလေးပြောလိုက်သည်။ "မင်းက ဘာမှမရှိတဲ့သူမို့လို့ ဘာမှမလုပ်နိုင်ဘူးလို့ ပြောမှတော့ အခုကစပြီး ဘာမှမရှိလို့ ဘာမှမလုပ်နိုင်တဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ မင်းသိအောင် ငါပြမယ်"

မုချင်းရွဲ၏ နှလုံးခုန်သံက မြန်နေပြီး မလွယ်ကူဟန်ဖြစ်နေသည်။ သူမက ယဲ့ချင်းရန်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်မိနေသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now