Chapter 170: Who Is Your Friend

7.3K 1K 19
                                    

UNICODE

ယဲ့ချင်းရန်က ထိုလူတွေနှင့် အနှောင့်အယှက်အဖြစ်မခံချင်ပေ။ အမှန်မသိဘဲ မိမိ၏ထင်မြင်ချက်အရ ဆုံးဖြတ်မှုက မသိနားမလည်ခြင်းဆီကနေ လာတာဖြစ်သည်။ သို့ပေမယ့် အဲဒါက မသိနားမလည်ခြင်းထက်တောင် ပိုကြောက်ဖို့ကောင်းသည်။

သူမရှေ့က လူတစ်အုပ်က လူရွှင်တော်တွေလိုပင်။ ထို့အတွက်ကြောင့် သူမက စိတ်မဆိုးပေ။

သို့ပေမယ့် ချူရုန်ရုန်ကတော့ မတူချေ။ တစ်စုံတစ်ယောက်က ယဲ့ချင်းရန်ကို ထိုကဲ့သို့ လှောင်ပြောင်တာကို ကြားရတာက သူမကို လှောင်ပြောင်တာကို ကြားရတာထက် ပိုပြီး စိတ်တိုသည်။

သူမမျက်ခုံးတွေက ကျုံ့နေကာ သူတို့ကို စိုက်ကြည့်နေသည်။ "ရှင်တို့တွေ တော်တော်လွန်တာပဲ"

ရှန်းချင်းထျန်းဘေးက ယောကျာ်းရဲ့ အကြည့်ထဲမှာ ကစားလိုသည့် အရိပ်အယောင်ရှိနေသည်။ "ဟေး အလှလေး ဒီလို ယောကျာ်းမျိုးက သူ့မျက်နှာကလွဲ ဘာမှ မရှိဘူး။ မင်း သူ့ကို မြန်မြန်စွန့်ခွာသင့်တယ်။ ငါက မင်းကို နောက်ထပ်ကောင်လေးနဲ့ မိတ်ဆက်ပေးမယ်လေ။ ကြည့်ပါဦး သခင်လေးဟွန်က ဘယ်လောက်ထူးချွန်လဲဆိုတာ"

သူ့နောက်မှာ ရပ်နေသည့် သခင်လေးဟွန်ဆိုသူက ချက်ချင်း သဘောတူသည့်အပြုံးပြုံးလိုက်သည်။ "ဟုတ်တယ် အလှလေး ဒီကို မြန်မြန်လာလိုက်။ ကိုယ်နဲ့သာဆို နေ့တိုင်း မင်း အသားတွေကို စားရမှာ" (T/N: ဘာအသားလဲတော့ မသိ)

"ကျန်းမုန့် နင် ဘယ်တုန်းက အောင်သွယ်တော်ဖြစ်သွားရတာလဲ?" ရှန်းချင်းထျန်းက သူမဘေးရှိလူကို ကလူသည့်အကြည့် ကြည့်လိုက်သည်။

ပြီးနောက် သူမက ယဲ့ချင်းရန်ကို ကြည့်ကာ သူမနှုတ်ခမ်းထောင့်က လှောင်သည့်အပြုံးအဖြစ် ကွေးသွားသည်။

ချူရုန်ရုန်က ဒီလူအုပ်ကိုကြည့်ရင်း ရွံသလို ဖြစ်လာသည်။ ဒီနေရာမှာ နောက်ထပ်တစ်မိနစ်တောင် မဖြုန်းချင်တော့ပေ။ "အစ်ကိုရန် ပြန်ရအောင်"

ယဲ့ချင်းရန်က ခပ်ဖျော့ဖျော့ ခေါင်းညိတ်ပြလိုက်ကာ ချူရုန်ရုန်နှင့် လှည့်ပြန်လိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now