Chapter 26: She Wanted The Video To Be Broadcasted

9.7K 1.2K 41
                                    

ယဲ့ချင်းရန် ပတ်ပတ်လည်လိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာ အနုပညာမြောက်စွာဖန်တီးထားသည့် ဖန်ခွက်ဆီသို့ အကြည့်ကျရောက်သွားသည်။

အကြည့်ပြန်ရုတ်မသိမ်းခင်အထိ ရှုပ်ထွေးမှုတွေနဲ့ မျက်တောင် အကြိမ်အနည်းငယ်ခတ်လိုက်သည်။ ပြီးနောက် ကနေသည့် တုန်ဖန်းယွီနဲ့မုချင်းရွဲဆီ အကြည့်ပြန်ရောက်သွားသည်။

လျှို့လန်းဝေက ယဲ့ချင်းရန်နားကို လျှောက်လာပြီး စိတ်ဓာတ်ကျနေသည့် လေသံဖြင့် ပြောလာသည်။ "သေစမ်း... ဒါငါ့မွေးနေ့ပါ ဒါပေမယ့် ဒီနှစ်ယောက်က ရှိုးပြနေတယ် သူတို့ကြောင့် ငါ့ကောင်မလေးတောင် မပျော်တော့ဘူး"

ယဲ့ချင်းရန်က သူ့ကို အဓိပ္ပါယ်ပါပါပြုံးပြလိုက်သည်။ "မင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ထားလိုက်ပြီ ပြီးတော့ WeChat နဲ့ Weibo ရယ် တခြား ပုံတင်လို့ရတဲ့ App တွေမှာ တင်လိုက်"

တုန်ဖန်းယွီမှာ မုချင်းရွဲရှိနေရင် စော်ကားမှုတွေကိုတောင် ပျားရည်လို သူဆက်ဆံလို့ရသည်။ သူ့ပုံကြည့်ရတာ အရမ်းကို ကျေနပ်အားရနေသည့်ပုံစံဖြစ်နေသည်။

တုန်ဖန်းမိသားစုရဲ့ မိသားစုဝင်တွေ အထူးသဖြင့် အဖိုးကြီးတွေပေါ့ သူတို့တန်ဖိုးထားရတဲ့ ဆက်ခံသူက မိန်းမတစ်ယောက်နဲ့ ဒီလိုဝတ်စားပြီး ကနေတဲ့ပုံကို မြင်ရင် ဘယ်လိုဖြစ်ကြမလဲဆိုတာ သူမသိချင်မိသည်။ အို....ဘယ်လောက်စိတ်လှုပ်ရှားဖို့ကောင်းလဲ...

လျှို့လန်းဝေက သူသဘောမပေါက်ခင်အထိ ခဏလောက်ကြောင်အသွားသည်။ ပြီးတော့ သူရယ်လိုက်မိပြီး "ယဲ့ချင်းရန် မင်းဒီလောက်ဆိုးမှန်း အရင်က ငါဘာလို့ သတိမထားမိခဲ့တာပါလိမ့်... ဒါပေမယ့် ငါကြိုက်တယ်"

ယဲ့ချင်းရန်က "နိုးနိုးနိုး ငါက အရမ်းကြင်နာတတ်တာ"

နဂါးနန်းတော်ရဲ့ ခမ်းခမ်းနားနားပြင်ဆင်ထားသည့် အခန်းတစ်ခုထဲတွင်....

ဝိုင်တင်သည့်စင်၌ နာမည်ကြီး ဝိုင်မျိုးစုံကို တင်ထားသည်။ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်နဲ့ ခန့်ညားသည့်အမျိုးသားတစ်ယောက်က အခန်းအလယ်ရှိ အနက်ရောင်လယ်သာ ဆိုဖာပေါ်တွင်ထိုင်နေသည်။
ထိုသူက နံရံရှိ Screen အကြီးကို ကြည့်နေသည်။ ထို Screen တွင် နဂါးနန်းတော်ရဲ့ စောင့်ကြည့်ဗီဒီယိုများရှိနေသည့်အပြင် အသံပါကြားရသည့် Video ပါရှိသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now