Chapter 177: Everything Had Already Been Planned

6.8K 992 33
                                    

UNICODE

ဒီနင်းသားအမိကြောင့် ယဲ့မိသားစုအိမ်က လူတွေ ဝိုင်းကုန်ကြသည်။ အကုန်လုံးက အံ့အားသင့်နေကာ ကြောင်အနေကြသည်။

သူတို့အချင်းချင်း တီးတိုးပြောကုန်ကြသည်။

"ယဲ့မိသားစုရဲ့ လေးယောက်မြောက်သားက ချမ်းသာပြီး ခြယ်လှယ်တတ်တဲ့ သခင်လေးလေ။ သူက မိန်းကလေးတွေနဲ့ ကစားရတာကို သဘောကျတယ်။ ဒီတစ်ခေါက်တော့ ကစားတာလွန်ပြီး ကိုယ်ဝန်ပါရသွားပြီ"

"ဒါပေမယ့် ကျွန်မကြားတာတော့ သူ့စာပေါ်ပဲ အာရုံစိုက်နေတာတဲ့။ ကျွန်မသားနဲ့ သူနဲ့က ကျောင်းတူတူပဲ။ သူ့ကြောင့် ကျွန်မသားတောင် စာအရမ်းလုပ်လာတာ"

"ကမ္ဘာကြီးက ပြောင်းလဲလွယ်တယ်။ လူတစ်ယောက်ရဲ့ အကျင့်ကတော့ ပြောင်းလဲဖို့ ခက်တယ်။ စာကောင်းကောင်းလုပ်တာနဲ့ မိန်းကလေးတွေနဲ့ ကစားတာနဲ့က မတူဘူးလေ။ တစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝကတော့ အရှုပ်ထွေးတွေ ဖြစ်နေတုန်းပဲ"

"ကျွန်မအမြင်တော့ ဒီကလေးမကလည်း ကောင်းတဲ့သူမဟုတ်ဘူး။ သူမကိုယ်ဝန်ရသွားတာနဲ့ ချမ်းသာတဲ့ မိသားစုထဲ လက်ထပ်နိုင်ပြီလို့ သူမထင်နေတာ။ ဘယ်လောက်တောင် ကောက်ကျစ်လိုက်တဲ့ မိန်းမလဲ"

...

အိမ်နီးနားချင်းတွေပဲ ကြည့်တယ်ဆို ကိစ္စမရှိ။ ဒါပေမယ့် ဒီပတ်ဝန်းကျင်မှာ မနေတဲ့ သူတွေပါရောက်နေပြီ။ သူတို့က လူအုပ်ကြားထဲရောပြီး ဖုန်းနဲ့ ဓာတ်ပုံတွေပါ ရိုက်နေကြသည်။

ထိုအချိန်မှာပဲ

တစ်ယောက်က ကတုံးနှင့် နောက်တစ်ယောက်က ဆံပင်အဝါရောင်နှင့် အရပ်မြင့်မြင့် သန်သန်မာမာ ယောကျာ်းနှစ်ယောက် အလျင်အမြန်လျှောက်လာသည်။

သူတို့က အော်တော့သည်။ "အန်တီနင်း ယန်ရှန်း ဘာတွေဖြစ်နေကြတာလဲ"

သူတို့ကို သူမမြင်တာနှင့် အမေနင်းက ချက်ချင်း ပိုပြီး သည်းထန်စွာ ငိုကြွေးတော့သည်။

သူမက ဆို့နင့်နေသည့်အသံဖြင့် ပြောတော့သည်။ "တတုန်၊ ချန်းကျီ မင်းတို့ကို တွေ့ရတာ ကောင်းတယ်။ ဒီယဲ့မိသားစု သူတို့သားက မင်းတို့ညီမလေးယန်ရှန်းကို ကိုယ်ဝန်ရအောင် လုပ်ပြီး တာဝန်ယူဖို့ ငြင်းနေတယ်။ သူက မင်းတို့ ညီမလေးကို ဆေးရုံသွားပြီး ကလေးဖျက်ချဖို့တောင် လှည့်စားနေတယ်။ ဒါပေမယ့် ဆရာဝန်က ပြောတယ် မင်းတို့ ညီမလေးရဲ့ ကျန်းမာရေးက မကောင်းလို့ ကလေးဖျက်ချလို့မရဘူးတဲ့။ မဟုတ်ရင် သူမ သေလိမ့်မယ်တဲ့။ ဒီယဲ့မိသားစုက အရမ်းကို ကြောက်ဖို့ကောင်းပြီး ရက်စက်တာပဲ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now