Chapter 104: She Went Straight to Confront Him

7.9K 1.2K 25
                                    

UNICODE

တန်တန် တောင့်တင်းသွားသည်။ ယဲ့ချင်းရန် ပြောချင်သည့်အဓိပ္ပါယ်ကို သူမသိသည်။ "မဟုတ်ဘူး...အဲ့လိုမဟုတ်ဘူး ငါအရမ်းကိုယုံကြည်ချက်ရှိတယ်... ငါက ကလိမ်ကကျစ်လုပ်ချင်တယ်လို့ ပြောတာက နင်နဲ့ပြောနေတာမို့လို့...စိတ်မပူနဲ့ ငါ လူတွေ့စစ်ဆေးတာကို စောင့်ကြည့်နေလိုက်.... ငါက ဒီခေါင်းဆောင်မင်းသမီးနေရာအတွက် ဘယ်လောက်တောင်သင့်တော်လဲဆိုတာ အကုန်လုံးသိအောင် ငါပြမယ်"

ယဲ့ချင်းရန်က သူမကို လက်မထောင်ပြလိုက်သည်။ "ငါ မင်းကို ယုံတယ်"

တန်တန်က ပြုံးလိုက်ပြီးတော့ အတင်းပြောချင်သည့်ပုံစံဖြင့် မေးလိုက်သည်။ "ဘယ်သူက ခေါင်းဆောင်မင်းသားလဲ"

ယဲ့ချင်းရန်က ဖုံးကွယ်မနေဘဲ သူမကို ပြောပြလိုက်သည်။ "ငါ့ဒုတိယအစ်ကို"

တန်တန်က နောက်ထပ်တစ်ဖန် စိတ်ပျက်သွား၏။ "ခေါင်းဆောင်မင်းသားက ဘာလို့ နင်မဟုတ်ရတာလဲလို့"

...

မုချင်းရွဲက ရေပန်းအစားဆုံးပြောဆိုမှုတွင် Trending ဖြစ်နေကာ အင်တာနက်တွင် သူမ၏ကျော်ကြားမှုကလည်း အထူးကို မြင့်တက်နေသည်။

ဒီအခွင့်အရေးကို အမိအရယူပြီး MI Foundation က မုချင်းရွဲဟာ MI Foundation ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီးတော့ ဖောင်ဒေးရှင်းက ရိုက်ကူးဖို့ ပြင်ဆင်နေသည့် ရုပ်ရှင်တွင်လည်း ခေါင်းဆောင်မင်းသမီးဖြစ်လာမည်ဟု တိုက်ရိုက်ကြေညာလိုက်သည်။

ပြီးနောက် MI Foundation က Weibo တွင် ယဲ့အုပ်စု၏ တရားဝင်အကောင့်ကိုပါ tag တွဲလိုက်သည်။

ယဲ့အုပ်စုနှင့် MI Foundation က ရုပ်ရှင်တူတူရိုက်ဖို့ ပြင်နေပြီး ခေါင်းဆောင်မင်းသားကတော့ ရွေးနေတုန်းလို့ လူတွေကို ထင်သွားစေသည်။ ထို့အတွက်ကြောင့် ပရိတ်သတ်အများအပြားက ယဲ့အုပ်စု၏ တရားဝင် Weibo အောက်ကို ပြေးသွားပြီး သူတို့ရဲ့ Idol တွေကို ထောက်ခံချက်ပေးကြတော့သည်။

ဒါပေမယ့် သူတို့မထင်မှတ်ထားတာက လအနည်းငယ်ကြာမှ တစ်ကြိမ်လောက် active ဖြစ်သည့် ယဲ့အုပ်စု၏ တရားဝင် weibo က နောက်တစ်နေ့မှာပဲ ပရိတ်သတ်တွေကို စာပြန်လာ၏။ ယဲ့အုပ်စုက ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်ရန် အစီအစဉ်မရှိကြောင်း ပြောကြားလာတာဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now