Chapter 29: She Seemed To Have Been Discovered

9.8K 1.2K 7
                                    

အဲဒါကို ကြားလိုက်ရချိန်မှာ ရှန်းဟောင်ထင်ရဲ့ နှလုံးခုန်တာတွေတောင် မှားသွားသည်။ မျက်နှာပေါ်က အပြုံးတောင် မထိန်းထားနိုင်တော့ပေ.. လျင်မြန်စွာ တောင်းပန်လိုက်ကာ..."မင်းမယုံဘူးဆိုတာ ငါသိတယ် ဒါပေမယ့် အခုကိစ္စကို ငါတကယ်မသိတာ... အခု ငါမင်းကိုလာတွေ့ချိန်မှာ သူမက မင်းကို မတွေ့ရတာ ကြာပြီမို့လို့ တွေ့ချင်တယ်ပြောလို့ ခေါ်လာတာ... သူမမှာ အဲ့အကြံရှိရင် သေချာပေါက် ငါတားမှာပေါ့"

ချူယန်က ဘာမှ ပြန်မပြောဘဲ မတ်တပ်ရပ်ကာ ထွက်ဖို့ ပြင်လိုက်သည်။ သူ့စကားတွေကို မယုံတာ အသိသာပင်... သူ့ရဲ့အရေးမပါတဲ့ စကားတွေကို ဆက်နားမထောင်ချင်တော့ပေ..... ရှန်းဟောင်ထင် အနည်းငယ် စိုးရိမ်သွားသည်။ ကမန်းကတန်းလှမ်းအော်လိုက်သည်။

"ချူယန် ငါ့ညီမက ဣန္ဒြေရတယ် စဉ်းစားချင့်ချိန်တတ်တယ် သိမ်မွေ့တယ် ပြီးတော့ မင်းကို သူမက တကယ်သဘောကျတာ"

"အဲဒါနဲ့ပဲ ငါက သူမကို လက်ထပ်ရမှာလား"

ချူယန်က ကြားဖြတ်ပြောလိုက်ပြီး ရှန်းဟောင်ထင်ကို အေးစက်ပြီး အန္တရာယ်ရှိတဲ့ အငွေ့အသက်အပြည့်နဲ့ ကြည့်လိုက်သည်။

ရှန်းဟောင်ထင်က သူ့မျက်လုံးနဲ့ အကြည့်ချင်းဆုံသွားချိန်မှာ ရှော့ခ်ရသွားသည်။

"အခုမတော်တဆမှုမဖြစ်ခဲ့ရင် ဒီညမင်းရဲ့အကြံက အောင်မြင်မယ်လို့ ထင်နေတာလား" ချူယန်က လှောင်ရိပ်သန်းနေသည့် လေသံဖြင့် ပြောလိုက်သည်။

"ဒီနေ့ကိစ္စက ဒီလိုအောင်အောင်မြင်မြင်အဆုံးသတ်သွားတဲ့အတွက် မင်း သူ့(YQR) ကို ကျေးဇူးတင်သင့်တယ်"

ရှန်းဟောင်ထင်ရဲ့ နဖူးတွင် ချွေးအေးတွေတောင် ထွက်လာသည်။ သီးသန့်ခန်းထဲကနေ ချူယန်ထွက်သွားတာကို တိတ်ဆိတ်စွာ ကြည့်ရင်း တစ်ကိုယ်လုံးအားကုန်သွားကာ ဆိုဖာပေါ် လဲကျသွားသည်။

ပူးပေါင်းမှုလည်း ပျက်ဆီးသွားတဲ့အပြင် သူတို့ရဲ့ ဆက်ဆံရေးပါ ပျက်ဆီးသွားပြီ ဖြစ်သည်။

သေစမ်း... ချူယန်သာ သူ့ကို မကူညီရင် ရှန်းလုပ်ငန်းစုကို အုပ်ချုပ်နေသည့် သူ့အစ်ကိုကြီးနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ... သူ့ရဲ့ပထမအကြံက ချူယန်ကို သူ့ယောက်ဖဖြစ်စေဖို့ဖြစ်သည်။ အခုတော့ အကုန်လုံး ပြီးဆုံးသွားပြီဖြစ်သည်။ သန့်စင်ခန်းတံခါးပွင့်လာပြီး ရှန်းချင်းထင် ထွက်လာသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now