Chapter 123: Her Gift To Chu Yan

7.9K 1.2K 70
                                    

UNICODE

ယဲ့ကျွင်းရဲ့ မျက်နှာက မည်းမှောင်သွားသည်။ "မင်းကို ဘယ်သူက ဂေးဖြစ်အောင် လုပ်လိုက်တာလဲ"

ယဲ့ချင်းရန်က ဘယ်လို ပြန်ဖြေရမလဲဆိုတာ တကယ်မသိတော့ပေ။ သူမ ရယ်ချင်နေတာပဲ သိတော့တယ်။

ဒါပေမယ့် သူမ အကျယ်ကြီး မရယ်ရဲဘူးဖြစ်နေသည်။ ဘာလို့လဲဆိုတော့ ယဲ့ကျွင်းက တကယ်ကြီး လေးနက်နေလို့ဖြစ်သည်။ သူ့မျက်နှာက အေးစက်နေကာ သူ့တစ်ကိုယ်လုံးကလည်း အေးလံပြီး ဖိအားပေးတဲ့အရောင်အဝါတို့ဖြင့် ပြည့်နှက်နေသည်။

ယဲ့ချင်းရန်က ဘာမှ ပြန်မပြောတာမြင်တော့ ယဲ့ကျွင်းက သူဝန်ခံတယ်လို့ပဲ ယူဆလိုက်သည်။ သူက နာကျင်နေသည့် နှလုံးသားဖြင့် ထပ်မေးလာသည်။ "နဂါးနန်းတော်ရဲ့ အဲ့သူဌေးက မင်းကို ဂေးဖြစ်အောင် လုပ်လိုက်တာလား?"

ယဲ့ချင်းရန်က ရယ်ချင်စိတ်ကို အောင့်ထားပြီး ပြန်ဖြေလာသည်။ "ကျွန်တော်ဂေးမဟုတ်ဘူး... ကျွန်တော့်လိင်စိတ်ခံယူချက်က အရမ်းကို ပုံမှန်ပဲ"

ယဲ့ကျွင်းက သူမပြောတာမယုံဘဲ ထက်ရှသည့်အကြည့်ဖြင့် သေချာကြည့်နေသည်။ "ပုံမှန်ဆိုရင် ဘာလို့ မင်း မိန်းမအဝတ်အစားဝတ်ထားတဲ့ပုံကို ဘာလို့ ပြလာတာလဲ? ဒါက သိသာတဲ့အရိပ်အမြွက်ပဲ... မင်းက မိန်းမဆိုတဲ့ အရိပ်အမြွက်လား?"

ယဲ့ချင်းရန်က ပြုံးလိုက်သည်။ "ဟုတ်တယ်ဆိုရင်ရော?"

လင်းရှုအာက တောင့်တင်းသွားပြီး ချက်ချင်းဆိုသလို ယဲ့ချင်းရန်ကို ကြည့်လာသည်။ "..."

ယဲ့ကျွင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောလာသည်။ "ငါလည်း အဲ့လို မျှော်လင့်တာပဲ...ဒါပေမယ့် ဒီနေ့ သိခဲ့တာ မင်း ကျောင်းမှာနေတာမဟုတ်ဘူးဆို...ငါ့ကိုပြော ဒီတလော မင်းဘယ်မှာနေတာလဲ?"

ယဲ့ချင်းရန် "..."

သူမ ကျောင်းမှာမနေတာ သူသိပြီးပြီကို ဘယ်လိုပြန်ဖြေရမှာလဲ?
သူမက အခန်းငှားနေတယ်လို့ပြောရမလား ဒါမှမဟုတ် အမှန်တိုင်းပြောရမလား။

ယဲ့ကျွင်း ထပ်မေးလာသည်။ "နဂါးနန်းတော်ပိုင်ရှင်က ဘယ်သူလဲ? ဘာလို့ သူက မင်းကို လက်ဆောင်အများကြီး ပေးတာလဲ? ၁၈နှစ်ပြည့် လက်ဆောင် ၁၈ခု...အဲဒါက မင်းရဲ့ နှစ်တိုင်းမွေးနေ့အတွက် မွေးနေ့လက်ဆောင် ပြန်ပေးတာပဲ... မင်းတို့နှစ်ယောက်ကြားထဲမှာ ဘယ်လိုဆက်ဆံရေးရှိတာလဲ?"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now