Chapter 141: She Wanted to Torture the Female Protagonist to Death

7.1K 1K 27
                                    

UNICODE

"သူမ ကောင်းကောင်းလုပ်ရင် သူမနဲ့ ယဲ့ချင်းရန် အတူတူရှိသွားမလားလို့ ငါတွေးနေတာ?"

"နင်းယန်ရှန်းက ယဲ့ချင်းရန်ကို လက်ထပ်ချင်တယ်။ သူမက ကလေးရှိပြီး လက်ထပ်ချင်တာ" မုချင်းရွဲက ဟွာချီကို ရိုးသားဖြူစင်သည့်ပုံဖြင့် ကြည့်လိုက်သည်။ "သူမက ငါ့ကို တောင်းဆိုနေတာ ကြာပြီ။ သူမပြောတာက ငါက ယဲ့ချင်းရန်ကို မကြိုက်ရင် ဘာလို့ ငါက သူမကို မကူညီတာလဲတဲ့? ငါ့မှာ ရွေးစရာ မရှိတော့တဲ့အထိ ငါ့ကို နားပူနားဆာလုပ်နေတာ။ အဲဒါကြောင့် ငါသဘောတူလိုက်တာ"

"သူမသာ ကိုယ်ဝန်ရှိရင် သူမ ကလေးကို ဖျက်ချလိုက်နိုင်တာပဲ။ ယဲ့မိသားစုကတော့ သူမ ကိုယ်ဝန်ရှိရုံနဲ့ ယဲ့ချင်းရန်ကို သူမနဲ့ လက်ထပ်ပေးမှာ မဟုတ်လောက်ဘူး မဟုတ်လား? ပြီးတော့ ငါတို့က အထက်တန်း ကျောင်းသားတွေပဲရှိသေးတယ်လေ" ဟွာချီဘယ်လိုပဲ တွေးတွေး အဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရသည်။

"ငါတို့က အထက်တန်းကျောင်းသားတွေမို့လို့ ဒီကိစ္စသာ အကြီးအကျယ်ဖြစ်သွားရင် ယဲ့မိသားစုကတော့ ဖိအားတွေကြောင့် တာဝန်ယူရတော့မှာလေ" မုချင်းရွဲက သက်ပြင်းချလိုက်ကာ ကူကယ်ရာမဲ့ပုံပေါ်နေသည်။ "ထားလိုက်တော့ ငါတို့လို အပြင်လူတွေအနေနဲ့ မပြောသင့်ဘူး။ ဒါက နင်းယန်ရှန်းရဲ့ ကိစ္စပဲ။ သူမ ဘာသာ ကိုင်တွယ်ပလေ့စေ"

သူမက ခဏလောက်ရပ်ပြီးမှ ဆက်ပြောလာသည်။ "ပြီးတော့ ယဲ့ချင်းရန်ရဲ့ ကိုယ်ရေးကိစ္စတွေက ရှုပ်ထွေးတယ်။ ရည်းစားတွေလည်း များတယ် အပြင်မှာလည်း ပတ်ကစားတယ်။ ယောကျာ်းရော မိန်းမတွေရော နဲ့ ပတ်သက်နေတာ။ အခု အလှလေးက သူမကိုယ်သူမ လက်ဆောင်အဖြစ် သူ့ကို ပေးတော့ သူက ဘယ်လိုလုပ်ပြီး သူမနှင့် မရှိရမှာလဲ? သူ့စိတ်ထဲမှာ ပျော်တောင် ပျော်နေဦးမယ်"

ဟွာချီက လုံးဝကို အခိုင်အမာယုံကြည်သွားသည်။ ဒီနေ့ဖြစ်တာက ဆိုးတာရော တစ်ခုခု ထူးဆန်းတာရော ဘာကိုမှ မခံစားမိပေ။

မုချင်းရွဲ သူ့ကို ပြောသလိုပဲ နင်းယန်ရှန်းက ယဲ့ချင်းရန်နှင့် အတူရှိချင်တာဖြစ်ပြီး သူတို့နှင့် ဘာမှမဆိုင်ပေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now