Chapter 171: Ye Qingran Was Not Gentle

6.8K 1K 9
                                    

UNICODE

စောနကလိုမဟုတ်ဘဲ ဒီတစ်ကြိမ် ချူရုန်ရုန် ပြန်ပက်ချိန်မှာတော့ သခင်လေးဟွမ်က မကျေမနပ်တစ်ခုတစ်လေတောင် မပြရဲဘဲ တောင်းပန်သည့် အပြုံးတစ်ခုသာ ဆက်လက်ချိတ်ဆွဲထားသည်။

ဒီလူအုပ်ကို ချူရုန်ရုန် အာရုံမစိုက်ချင်တော့။

နောက်ကျမှ ထွက်လာသည့် စုကဲဖေးလည်း ပါသည်။ ယဲ့ချင်းရန်သာ စုကဲဖေးကို မကယ်ခဲ့ရင် စုကဲဖေးက ဒီလူအုပ် ဆက်ပြီး အဓိပ္ပါယ်မရှိတာတွေကို ဆက်လုပ်ခွင့်ပြုထားမယ်လို့ ခံစားမိနေသည်။

သူမက ယဲ့ချင်းရန်ကို ပြောလိုက်သည်။ "အစ်ကိုရန် ပြန်ရအောင်"

ယဲ့ချင်းရန် ခေါင်းညိတ်လိုက်သည်။ "နေဦး တစ်ချို့ယင်ကောင်တွေကိုတော့ သေအောင် ရိုက်သတ်ဖို့ လိုနေတယ် မဟုတ်ရင် သူတို့ကိုယ်သူတို့ ပန်းပွင့်လို့ထင်ပြီး ငါတို့နားမှာ ဆက်ပြီး တဝီဝီလုပ်နေဦးမှာ"

သူမက ပြောရင်း ရှန်းချင်းထျန်းကို အေးစက်သည့်အကြည့်ဖြင့် ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။ "မင်းဘယ်နေရာမှာ ထင်မြင်ချက်မှားသွားလဲတော့ ငါမသိဘူး။ ယဉ်ကျေးမှုကြောင့် ဝိုင်တစ်ခွက်တိုက်ပြီး နည်းနည်းလေးချီးကျူးမိတာနဲ့ ငါက မင်းကို သဘောကျပြီး အပူကပ်တယ်လို့ တွေးသွားတာလား။ ဆောရီးနော် ငါ့အတွက်တော့ မိသားစုနောက်ခံရော၊ ရုပ်ရည်အရရော အကျင့်စရိုက်အရရော မင်းက ငါ့စာရင်းထဲတောင် ထည့်စဉ်းစားစရာအနေအထားမရှိဘူး"

ရှန်းချင်းထျန်းက ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။ "နင်ဘာစကားပြောတာလဲ?"

ဘေးတွင်ရပ်နေသည့် စုကဲဖေးက သူမကို ပြုံးပြလိုက်သည်။ "ကျွန်မသူငယ်ချင်းက အရမ်းမညင်သာဘူးလေ"

ရှန်းချင်းထျန်း စိတ်ဆိုးလွန်းလို့ မျက်နှာတောင် အနီရောင်ပြောင်းသွားကာ မျက်လုံးက အပြူးသားဖြစ်နေသည်။

စုကဲဖေးက သူ့ကို သူမသူငယ်ချင်းလို့ ခေါ်လိုက်တယ်။ မျက်နှာသာနည်းနည်းပေးတာနဲ့ပဲတူတယ်။

"စုကဲဖေး နင်လည်း ကြားတယ်နော်။ ဒီအကောင်စုတ် ပြောတဲ့စကားကို ကြည့်ဦး" ဒီအကောင်စုတ်က သူမကို မျက်နှာသာ နည်းနည်းလေးတောင် ဘာလို့မပေးတာလဲ? ရှန်းမိသားစုက အနိုင်ကျင့်လွယ်တယ်လို့ ထင်နေတာလား?

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now