Chapter 197: The Heroine Returns

7.4K 1K 71
                                    

UNICODE

မုချင်းရွဲ တစ်ညလုံး အိပ်မပျော်ပေ။ နောက်တစ်နေ့ကျတော့ မနက်အစောကြီး နိုးပြီး အိမ်ကနေ ဖုန်းခေါ်လာချင်ယောင်ဆောင်လိုက်သည်။ သူမက ရက်အနည်းငယ်လောက် ထွက်သွားရမည်ဖြစ်သည်။

ယောင်ကျွင်းက ဘာတစ်ခုမှ ထူးဆန်းတယ်လို့ မခံစားရပေ။

မုချင်းရွဲ ထွက်သွားပြီးနောက် သူလည်း တိုက်ခန်းကနေ ထွက်သွားပြီး ဟဲစီကျိုးနှင့် ဆုံဖို့အတွက် ကုမ္ပဏီကို သွားလိုက်သည်။

သို့ပေမယ့် သူမသိတာက မုချင်းရွဲက သူ့နောက်ကို လိုက်လာတာကိုဖြစ်သည်။
သူမက ယောင်ကျွင်း ကုမ္ပဏီတစ်ခုထဲကနေ ထွက်လာတာကို တွေ့လိုက်သည်။ နှစ်ရက်လောက် ထိုကုမ္ပဏီရှေ့တွင် သူမ စောင့်ကြည့်နေသည်။ ပြီးနောက် ဟဲစီကျိုးနှင့် ချူယန်တို့ တစ်ယောက်ပြီးတစ်ယောက် ကုမ္ပဏီထဲကနေ ထွက်လာတာကို သူမမြင်လိုက်သည်။

ဒါက မုချင်းရွဲ၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်တာဖြစ်သည်။

ယောင်ကျွင်းက လူလိမ်ပဲ။ သူက အတုအယောင်ပဲ

အကုန်လုံးက အတုအယောင်တွေပဲ...

ဒါတွေအကုန်လုံးအလိမ်ပဲ။ ဒါတွေအကုန်လုံးက ယဲ့ချင်းရန်နဲ့ အဲ့ယောကျာ်းနှစ်ယောက် ဖန်တီးထားတဲ့အလိမ်ပဲ။

ယဲ့ချင်းရန်က သူမကို ရန်ငြိုးအပြည့်ထားရုံတင်မက သူမကို အမြဲကြိတ်ပြီး အကောက်ကြံတယ်။ အကွက်ဆင်တယ်။ အခု သူမက လူတွေရဲ့ နှလုံးသားတွေနဲ့တောင် ကစားနေပြီ။ သူမနှလုံးကို လိမ်ဖို့ ယောကျာ်းတစ်ယောက်ကိုရှာပြီး တိမ်ပေါ်မှာ မျောနေသလို ဖြစ်အောင်လုပ်တယ်။ ပြီးတော့ အမြင့်ဆုံးကနေ သူမကို ရက်ရက်စက်စက်ပစ်ချတယ်။

ရက်စက်တယ်။ ဘယ်လောက်တောင် ရက်စက်လိုက်လဲ

မုချင်းရွဲက အရမ်းကိုဒေါသထွက်ပေမယ့် အနည်းငယ်လည်း မျှော်လင့်ချက်တွေ ပျက်သုဉ်းနေသည်။

ကောင်းကင်က မီးခိုးရောင်ပြောင်းနေသည်။ မုချင်းရွဲက သူမကိုယ်သူမ ပျောက်ဆုံးသလို ဖြစ်နေပြီး ဦးတည်ချက်မဲ့ လျှောက်သွားနေသည်။ သူမပုံက မရေရာ မရှင်းလင်းနေသည့်ပုံဖြစ်နေသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now