Chapter 56: She Was Not Afraid of Being Misunderstood

8.9K 1.3K 45
                                    

UNICODE

မော့နိုင့်နိုင့်ရဲ့ပါးစပ်က ဟ သွားသည်မှာ ကြက်ဥတစ်ဦးတောင် ပစ်ထည့်လို့ရနေသည်။ သူမက ယဲ့ချင်းရန်ကို တစ်လှည့် ချူယန်ကို တစ်လှည့်စီကြည့်နေမိသည်။ သူတို့နှစ်ယောက်ကလုံးက ခန့်ညားသည်။ တစ်ယောက်က သီးသန့်ဆန်ပြီး နောက်တစ်ယောက်က အထက်စီးဆန်သည်။ နှစ်ယောက်လုံးက ပြည့်စုံသည့် စုံတွဲလိုပင်...မြင်ရတာလေးက မျက်စိအေးစရာ...

တစ်ယောက်က သူမ သဘောကျရတဲ့ ယောကျာ်းဖြစ်ပေမယ့် သူမ မနာလိုမဖြစ်ပေ... ဒီယောကျာ်းနှစ်ယောက်က လိုက်ဖက်ပြီး အတူတူရှိရင်ကောင်းမယ်လို့တောင် သူမ ခံစားမိသည်။ သူမ ရူးသွားပြီ မဟုတ်လား?

မော့နိုင့်နိုင့်က ယဲ့ချင်းရန်ကို စိုက်ကြည့်နေပြီး မိနစ်အနည်းငယ်ကြာသည့်တိုင်အောင် ကြက်သေသေနေတုန်းပင်.... နောက်ဆုံး သူမ စိတ်တည်ငြိမ်သွားပြီး သနားစရာကောင်းစွာ ပြောလာသည်။

"ငါ့ကို လိမ်နေတာမဟုတ်လား"

ယဲ့ချင်းရန်က ပြတ်သားစွာ ပြန်ဖြေလာသည်။

"နိုင့်နိုင့် ငါတို့က အတူတူကြီးလာကြတာ...ငါတို့ ဆက်ဆံရေးက အမြဲကောင်းခဲ့တယ်လေ အဲဒါကြောင့် ငါ နင့်ကို မလိမ်ချင်ဘူး...ငါက ယောကျာ်းတွေကိုပဲ တကယ်သဘောကျတာ"

သူမက စွပ်စွဲလာသည်။ "နင် တမင် Show လုပ်နေတာပဲ"

ယဲ့ချင်းရန်က "ငါ နင့်ကို အမှန်ပြောနေတာ"

သူမ မျက်နှာလှလှက လေဒဏ်မိုးဒဏ်ခံထားရသည့် ပန်းပွင့်ဖြူလေးလိုပင်... သူမ ငိုချင်လာသည်။

"အဲဒါဆို ငါဘယ်လိုလုပ်ရမလဲ.... အဲ့နှစ်ယောက်က ငါနဲ့မျှမျှတတပြိုင်ဖို့ သဘောတူထားတာလေ"

အဆုံးသတ်မှာတော့ ယဲ့ချင်းရန်ကို ယောကျာ်းတစ်ယောက်က ဖြတ်ခုတ်သွားသည်။ တကယ်ကို လက်မခံနိုင်စရာပဲ.... ချူယန်ကို မကျေမချမ်းဖြစ်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေမိသည်။

ယဲ့ချင်းရန်က သူမကို နှစ်သိမ့်ပေးနေသည်။

"ကမ္ဘာပေါ်မှာ ယောကျာ်းကောင်းတွေ အများကြီးရှိပါသေးတယ်... ငါ့အစ်ကို သုံးယောက်ကိုပဲ ကြည့်လိုက်ဦး သူတို့လည်းကောင်းတာပဲ" (T/N: အခွင့်ရတိုင်း အစ်ကိုတွေကို ရောင်းစားနေတဲ့ ချိမ)

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now