Chapter 111: Her Secret was Revealed

8.1K 1.2K 161
                                    

UNICODE

ယဲ့ချင်းရန် ပထမရသည့်သတင်းကို ကြေညာချိန်မှာတော့ ကျောင်းရှိ လူ၈၀% က အချိန်ခရီးသွားသလို ခံစားလိုက်ရဿည်။

ဒီအသုံးမကျတဲ့ ယဲ့က သချာပြိုင်ပွဲမှာ ပထမရတယ်ပေါ့လေ။ ဘိတ်ချီးတောင်မဟုတ်ဘဲ ပထမနေရာပေါ့လေ။ ပထမဆုမဟုတ်တဲ့ ပထမနေရာ?

ဒါက ဘယ်လိုမျိုးပါလိမ့်? ထိပ်တန်းကျောင်းသားတွေတောင် မရနိုင်တဲ့နေရာကို ယဲ့ချင်းရန်က ရတယ်? လှည့်ကွက်များရှိနေတာလား? ကျောင်း၏ ဂုဏ်ပြုဟောခန်းတွင် ယဲ့ချင်းရန်၏ နာမည်နှင့် ရလဒ်ကို စာအနီအကြီးကြီးဖြင့် ကြေညာထားသည်။ ပေးမှတ်စုစုပေါင်း ၁၂၀တွင် ယဲ့ချင်းရန်က ၁၁၉.၂ မှတ်ရရှိသည်။

ကျောင်းဖိုရမ်တွင် အုတ်အော်သောင်းနင်းဖြစ်သွား၏

"ယဲ့ချင်းရန်က အရင်ထဲက တော်တဲ့ထိပ်တန်းကျောင်းသားဖြစ်ပြီးတော့ စာမေးပွဲကို ကောင်းကောင်းမဖြေတာလို့တောင် ငါသံသယဖြစ်လာပြီ။ မဟုတ်ရင် သူလုပ်ချင်တာနဲ့ ပထမနေရာကို ဘယ်လိုလုပ်ရမှာလဲ?"

"အနာဂတ်မှာ စာနတ်ဘုရားကို မကိုးကွယ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ ငါလိုချင်တဲ့နေရာကို ရဖို့ ယဲ့ချင်းရန်ကိုပဲ ကိုးကွယ်တော့မယ်"

"ငါလည်း ယဲ့ချင်းရန်လို ဖြစ်ဖို့ မျှော်လင့်တယ်..နောက်ဆုံးနေရာကနေ ပထမနေရာကို ရုတ်တရက်ကြီးခုန်တက်သွားချင်လို့"

"အပေါ်ကတစ်ယောက် ထပ်မတွေးနဲ့တော့... နင့်ရဲ့အမှတ်တွေ တိုးတက်ဖို့ စာသာ မြန်မြန်သွားကျက်တော့...ဟူး...ဘဝကြီးက အရမ်းမျှော်လင့်ချက်ကင်းမဲ့တာပဲ"

......

တစ်ချို့တွေက ဝမ်းနည်းသည်။ တစ်ချို့တွေက အားကျသည်။ တစ်ချို့တွေက သက်ပြင်းချသည်။

သို့သော်လည်း ဒီတစ်ကြိမ်က အရင်တစ်ကြိမ်နှင့်ကွာခြားသည်။ အဆင့်က အတု သို့မဟုတ် ယဲ့ချင်းရန်က ခိုးချတယ်လို့ ဘယ်သူမှ သံသယမဖြစ်တော့‌ပေ။ ဘာလို့လဲဆိုတော့ ယဲ့ချင်းရန်က ပထမနေရာကိုယူပြီး ကျောင်းဂုဏ်ဆောင်ပေးခဲ့လို့ လူတိုင်းက ဂုဏ်ယူနေမိသောကြောင့် ဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now