Chapter 115: Things That She Could Do as An Adult

7.8K 1.1K 52
                                    

UNICODE

ယဲ့ချင်းရန်က အကြံပေးလိုက်သည်။ "အမျိုးသားဝတ်တွေက အနည်းနဲ့အများက ပုံစံတူတွေကြီးပဲ...မင်းတကယ်ပဲ ကြေညာချင်ရင် အမျိုးသမီးအနုပညာရှင်ကို ရှာသင့်တယ်... တန်တန်က အဆင်ပြေလောက်မယ်ထင်တယ်"

ကျီရှားက ယဲ့ချင်းရန်ကိုယ်တိုင်းကို တိုင်းနေ၏။ "ငါ တန်တန့်ကိုတွေ့ပြီးပြီး အမျိုးသားအနုပညာရှင် ရှာရဦးမယ်"

ယဲ့ချင်းရန်က ပြုံးလိုက်သည်။ "ဒါဆို မင်းကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်... မင်း စတူဒီယိုရဲ့ Suit တွေသူ့ကို ဝတ်ခိုင်းလို့ရတယ်... သိပ်မကြာခင်မှာ မင်းရဲ့ စတူဒီယိုက နာမည်ကြီးလာလိမ့်မယ်"

"ဘယ်သူလဲ?"

"ငါ့ဒုတိယအစ်ကိုပေါ့..အရင်ကတော့ မင်းကို ယောကျာ်းကောင်းနဲ့ မိတ်ဆက်ပေးဖို့ မစဉ်းစားမိခဲ့ဘူး...ငါ့ဒုတိယအစ်ကိုက ယောကျာ်းကောင်း"

ကျီရှားအံ့အားသင့်သွားသည်။ "နင် ငါ့ကို Blind date လုပ်ပေးဖို့ ကြိုးစားနေတာလား?"

"အဲ့လိုပြောလို့ရတယ်"

တုန်ဖန်းယွီက ငကန်း... ကျီရှားက ဘယ်လောက်တောင် တော်လဲဆိုတာ မသိတဲ့ငကန်း

သူမက ကျီရှားနဲ့ စားပွဲဖော်ဖြစ်ခဲ့တာကြာပြီဖြစ်သည်။ ဒီမိန်းကလေးက မိသားစုနောက်ခံကောင်းကောင်းကနေလာပြီး မောက်မာခြင်းမရှိ စိတ်မရှည်တာမျိုးမရှိသည့် အကျင့်စရိုက်လည်း ကောင်းမွန်တဲ့ သူဆိုတာ သူမသေချာသိသည်။ သူမသာ သူမ(ယဲ့ချင်းရန်)ရဲ့ ယောင်းမဖြစ်ခဲ့ရင် အနိုင်ရသလိုမျိုးဖြစ်မှာသေချာသည်။

ကျီရှားက အနည်းငယ်ရှက်သွားသည်။ "ဘာကို blind date လဲ...အခု နင်က ငါ့ရဲ့ကောင်လေးကို"

ယဲ့ချင်းရန်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။ "ဒါက မင်း စေ့စပ်ထားတာကို ဖျက်ချင်လို့လုပ်ခဲ့တာမဟုတ်ဘူးလား?"

"ဒါပေမယ့် ပြဿနာက အခုထိ စေ့စပ်ထားတာ မဖျက်ရသေးတာပဲ"

စေ့စပ်ထားတာ ဖျက်ဖို့ ကိစ္စပြောသည်နှင့် ကျီရှား စိတ်ဓာတ်ကျသွားသည်။ "ဘယ်အချိန်ကျမှ ဖျက်လို့ရမလဲဆိုတာ ငါလည်း မသိတော့ဘူး"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now