Chapter 193: Are You Confessing to Me?

7.5K 1.1K 19
                                    

UNICODE

ယဲ့ချင်းရန်က ချူယန်ကို စောင့်နေတာ လျန်ရှောင်းသိသည်။ သူ တမင်တကာ ပြောလာသည်။ "တစ်ခုခုပေါ်လာလို့ သူလာမကြိုနိုင်တော့တာလဲ ဖြစ်နိုင်တာပဲ။ ကိုယ်မင်းကို လိုက်ပို့ပေးတာနဲ့ တူတူပဲ မဟုတ်ဘူးလား?"

"အရမ်းကွာတယ်။ ပြီးတော့ သူဖြစ်နေလို့ ကျွန်မ စောင့်နေတာ"

လျန်ရှောင်းရဲ့ မျက်နှာက မည်းမှောင်သွားပြီး ဘာတစ်ခွန်းမှ မပြောလာပေ။

ယဲ့ချင်းရန်က ခေါင်းလေးအနည်းငယ်စောင်းပြီး သူ့ကို ကြည့်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ရှင်က ကျွန်မကို အရမ်း သဘောမကျဘူးလို့ ခံစားနေရတယ်။ ကျွန်မ ယောကျာ်းလေးကနေ မိန်းကလေးအဖြစ် ပြောင်းသွားလို့လဲ ဖြစ်နိုင်တာပဲ။ ရှင့် နှလုံးသားထဲ ထူးဆန်းတဲ့အတွေးဝင်သွားပြီး ရှင်က ကျွန်မကို သဘောကျနေတာလို့ တွေးမိသွားတာနေမှာ"

"မင်း ကိုယ့်ကို လက်မခံချင်လည်း ရတယ် ဒါပေမယ့် ကိုယ့်နှလုံးသားကို သံသယမဝင်နဲ့။ ကိုယ်မင်းကို သဘောကျလား မကျဘူးလားဆိုတာ ကိုယ်ထပ်ခါတလဲလဲတွေးထားပြီးသား။ မင်းက မိန်းကလေးဆိုတာ ကိုယ်သိလို့ ကိုယ်မင်းကို သဘောကျတာ မဟုတ်ဘူး"

သူမကို သူ သဘောကျခဲ့တာ ကြာပြီဖြစ်သည်။ သို့ပေမယ့် သူမကို ယောကျာ်းလေးထင်ပြီး ရှေ့မဆက်ချင်ခဲ့တာဖြစ်သည်။

ယဲ့ချင်းရန်၏ မူလရည်ရွယ်ချက်က လျန်ရှောင်းလက်လျှော့သွားစေဖို့ ဖြစ်သည်။

သို့ပေမယ့် ကြည့်ရတာ သူက စိတ်ပိုင်းဖြတ်ထားပြီးသားနေမည်။

သူ့ကို စကားလုံးတွေနဲ့ လက်လျှော့သွားအောင် လုပ်ဖို့ မဖြစ်နိုင်ပေ။

အဲ့အချိန်မှာပဲ စားသောက်ဆိုင်၏မှန်တံခါး တွန်းဖွင့်လာကာ အရပ်မြင့်မြင့်ခပ်ချောချော အမျိုးသားတစ်ယောက် ဝင်လာသည်။

ယဲ့ချင်းရန်ထိုင်သည့်နေရာက စားသောက်ဆိုင်၏ ဝင်ပေါက်နှင့် ဝေးသည်။ ထို့အတွက်ကြောင့် ထိုအမျိုးသား၏ ခြေသံကို ရှင်းရှင်းလင်းလင်း မကြားမိချိန်အထိ သူဝင်လာတာကို မမြင်လိုက်မိပေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now