Chapter 16: Her Sister-attracting Physique

10.5K 1.4K 141
                                    

ပိုင်ရှုက ဒေါသထွက်သွားပြီး ပြောလာတော့သည်။ "သူလုပ်ရဲလား"

ယဲ့ချင်းရန်က ပြန်ပြောသည်။ "ခင်ဗျားက ခင်ဗျားညီမနားမှာ အမြဲရှိနေနိုင်မှာမဟုတ်ဘူးလေ.. အဲဒါအပြင် ခင်ဗျားညီမက ကျွန်တော့်အစ်ကိုသုံးကို သဘောကျနေတာလေ... အစ်ကိုသုံးက သူမကို ကောင်းကောင်းမဆက်ဆံရင်တောင် သူမက ခင်ဗျားကို ပြန်ပြောမှာမဟုတ်ဘူး... ဒီကိစ္စမှာ ခင်ဗျားက ခင်ဗျားညီမအတွက် လက်ထပ်ဖို့လုပ်ပေးနေတာမဟုတ်ဘဲ သူမရဲ့ လက်ထပ်တဲ့ကိစ္စကို ဖျက်ဆီးနေတာဖြစ်နေပြီ"

ပိုင်ရှု မျက်မှောင်ကျုံ့သွားသည်။

ယဲ့ချင်းရန်က ထပ်ပြောလာသည်။ "ခင်ဗျား သူ့နေရာကနေခံစားကြည့်ဗျာ... ခင်ဗျားသာဆိုရင် ဒီနေ့လိုမျိုး တစ်ယောက်ယောက်က ခင်ဗျားကို လက်ထပ်ဖို့ ဖိအားပေးလာမယ်ဆိုရင် ခင်ဗျားဇနီးက မတရားလှနေရင်တောင် ခင်ဗျား မသက်မသာဖြစ်မှာပဲ ဟုတ်တယ်မဟုတ်လား"

ပိုင်ရှုက ချောင်း ခပ်ဖွဖွဆိုးလိုက်သည်။ "ဒါက အဓိပ္ပါယ်ရှိတယ်"

ဘေးမှာ တိတ်တဆိတ်ရပ်နေသော ယဲ့ချန်းဖုန်တောင် လန့်သွားသည်။ သူက IQ ရော EQ ရော မြင့်မားသည်။ စကားတစ်ကြောင်းချင်းစီတိုင်းက သူ့ခေါင်းကို သံနဲ့ရိုက်နေသလို ခံစားရသည်။ စကားအနည်းငယ်နဲ့ ပိုင်ရှုကို တုန်လှုပ်သွားအောင်လုပ်နိုင်တယ်ပေါ့လေ... သူ့ရဲ့ အငယ်ဆုံးညီရောဟုတ်ရဲ့လား?

ယဲ့ချင်းရန်က ပိုင်ရှုကို ထပ်မေးလိုက်သည်။ "ခင်ဗျားညီမကို ရှေ့လျှောက်ပျော်ဖို့ ခင်ဗျားမျှော်လင့်ထားတာမဟုတ်လား"

"ဒါပေါ့" ပိုင်ရှုက အနည်းငယ်ကျရှုံးသွားတဲ့ ပုံစံဖြစ်သွားသည်။ "ဒါဆိုပြောဦး မင်းက ဘာလုပ်ချင်တာလဲဆိုတာ"

"ဒါပေါ့ သူတို့ရဲ့ အချစ်ရေးမှာ သူတို့ဘာသာ လွတ်လွတ်လပ်လပ်ဆုံးဖြတ်နိုင်အောင် ကျွန်တော်တို့က လွှတ်ထားပေးရမှာ... ခင်ဗျားညီမကို ခင်ဗျားယုံကြည်သင့်တယ်... သူမက အရမ်းကိုဆွဲဆောင်မှုရှိတဲ့ မိန်းကလေးပဲကို... သူတို့ဘာသာ သိသွားအောင် လုပ်ပြီး သူတို့ဘာသာ အတူတူရှိနေအောင် လွှတ်ထားလိုက်ရင် ကျွန်တော့အစ်ကိုသုံးက ခင်ဗျားညီမရဲ့ ခြေရင်းမှာ ကျရှုံးသွားမှာ... ခင်ဗျားညီမကို အသည်းထဲကစါဲနေတဲ့အထိ ချစ်လာလိမ့်မယ်.. သူမမရှိဘဲ သူနေနိုင်မှာ မဟုတ်တော့ဘူး... အဲ့လိုအချိန်ရောက်လာရင် သူတို့ကို ခင်ဗျားအတူတူရှိခွင့်မပေးတော့ရင်တောင် ကျွန်တော့အစ်ကိုသုံးက ငိုပြီး ခင်ဗျားညီမနဲ့ တူတူရှိခွင့်ပေးဖို့ တောင်းပန်တောင် တောင်းပန်လာလိမ့်မယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now