Chapter 74: The Duel Between Her and the Male Lead

8.4K 1.3K 76
                                    

UNICODE

အသံက ကျယ်ပြီး ကြည်လင်သည်။ အပြင်မှာရှိနေသည့် ယဲ့ချင်းရန်တောင် ဒီစကားတွေကို ကြားလိုက်ရသည်။

မော့နိုင်လည်း အဲဒါကို ကြားတော့ ကြောက်ပြီး မျက်နှာပါ ဖြူဖျော့သွားသည်။ "ဘုရားရေ ဘာတွေဖြစ်နေတာလဲ"

ယဲ့ချင်းရန်က သူမကို ကြည့်လိုက်သည်။

"မင်း ကားထဲမှာပဲနေခဲ့ အပြင်ကို လုံးဝထွက်မလာနဲ့"

မော့နိုင်က ငြင်းဆိုကာ စိုးရိမ်တကြီးပြောလာ၏။ "ဟင့်အင်း... ငါက နင့်ကို တစ်ယောက်ထဲ ဘယ်လိုလွှတ်နိုင်မှာလဲ? ဒီလူအုပ်က ရင်ဆိုင်ဖို့မလွယ်ဘူး...ငါတို့ ရဲခေါ်လိုက်ရအောင်လေ"

"ငါတို့ ရဲခေါ်လို့မဖြစ်ဘူး...ဘာပဲဖြစ်ဖြစ် ကားထဲပဲနေခဲ့...ငါ ဒီကိစ္စကို ကိုင်တွယ်နိုင်တယ်"

"ဒါပေမယ့်..."

"မင်း ငါနဲ့လိုက်ရင် ငါတို့ကို ဆွဲချသလိုဖြစ်သွားမယ်...ငါ့ကို ဘာမှမဖြစ်စေချင်ရင် ငြိမ်ငြိမ်လေး ကားထဲပဲနေခဲ့"

မော့နိုင်က ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ"

သူတို့ လွှတ်မြောက်ဖို့ဆိုရင် သူတို့ကို ခေါ်မယ့်သူတော့လိုအပ်တယ်လို့ သူမတွေးလိုက်သည်။ သူတို့ကို ခေါ်ထုတ်ဖို့သူက သူမပဲဖြစ်သည်။

ယဲ့ချင်းရန်က မော့နိုင်ကို လိုက်ခွင့်မပြုပေမယ့် ယဲ့ချန်းဖုန်းကိုတော့ မတားပေ။

ယဲ့ချန်းဖုန်းနှင့်သူမ ဂိုဒေါင်ထဲဝင်လာတော့ ဒဏ်ရာရနေသည့် စုန့်ယဲ့နှင့် အံ့ဩနေသည့် ရှောင်းဖန်တို့ကို တွေ့လိုက်၏။

သူတို့၏ အေးစက်စက်မျက်ဝန်းတွေက ဖြန့်ကျက်ကြည့်လိုက်တော့ သံတုတ်တွေကိုင်ထားသည့် လူအယောက် ၂၀ခန့်ကို တွေ့လိုက်သည်။

သေတ္တာအမြင့်တစ်ခုပေါ်Suit ဝတ်ထားသည့် ယောကျာ်းတစ်ယောက် ထိုင်နေသည်။ သူ့လက်ထဲရှိ ဓားမြှောင်တစ်ခုကို ကစားနေကာ သူ့ပုံစံက ကျိုးနွံဟန်မရှိဘဲ အေးစက်နေသည်။

ယဲ့ချင်းရန်နှင့် ယဲ့ချန်းဖုန်းတို့နှစ်ယောက်ထဲသာ ဝင်လာတာမြင်တော့ အံ့ဩသွားဟန်ဖြင့် မျက်ခုံးပင့်သွားသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now