Chapter 97: She Asked Chu Yan for Help

7.9K 1.3K 69
                                    

UNICODE

သူမဘေးတွင်ရှိနေသည့် ယဲ့ချင်းရန်လည်း ကြောင်အသွားသည်။

သူမက ကျွမ်းကျင်အဆင့်ပဲ...ဒါက သူမ၏ဒုတိယမြောက်ကောင်မလေးဖြစ်သည်။

မုချင်းရွဲက ဒေါသထွက်လွန်းလို့ ငိုဖို့တောင် မေ့သွားသည်။ နောက်ထပ်ဘာလုပ်ရမလဲဆိုတာတောင် မသိလောက်အောင်ကို အရမ်းအံ့အားသင့်သွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကြာပန်းဖြူတွေနှင့် ရင်ဆိုင်ရဖို့ သူမက လက်ဖက်စိမ်းမဖြစ်ရတော့မည်။ သူမက လျှောက်သွားကာ တန်တန်ပြန်ထရပ်ဖို့ ကူညီဖို့လုပ်လိုက်သည်။

"နင်အဆင်ပြေလား"

"နာတယ်...အရမ်းအရမ်းနာတာပဲ... ယဲ့ချင်းရန် ငါတော့ မသန်စွမ်းဖြစ်တော့မှာလား?" တန်တန်က ဝမ်းနည်းကြေကွဲစွာဖြင့်မေးလာသည်။

"မဖြစ်ပါဘူး" ယဲ့ချင်းရန်က အရမ်းကို ရယ်ချင်နေသည်။

ဒီကောင်မလေးရဲ့သရုပ်ဆောင်မှုက အရမ်းကို ချဲ့ကားလွန်းနေသည်။ ဘယ်လိုရုပ်လေးပဲဖြစ်နေပါစေ ဒီလိုဟန်ဆောင် ပြုတ်ကျရုံနှင့်တော့ မသန်စွမ်းဖြစ်စရာမှမလိုတာ...

တန်တန်ကပြောလိုက်သည်။ "အဲဒါဆိုလည်း ငါ့ကိုထူဖို့ နင်တို့ကူမလားဟင်?"

သူမက ရှေ့ကိုကြည့်လိုက်သည်။ သူမနှင့် အနီးဆုံးတွင်ရှိသည့် ကျောင်းသားနှစ်ယောက်ကို သိမ်မွေ့နူးညံ့ပြီး သနားစရာကောင်းသည့်ဟန်ဖြင့် ကြည့်လိုက်၏။ သို့သော်လည်း သူမ၏အကြည့်က အရမ်းအရမ်းကို ဆွဲဆောင်မှုရှိသည့် အငွေ့အသက်မျိုးဖြစ်နေသည်။

ထိုကျောင်းသားနှစ်ယောက်က ဝမ်းသာသွားသည်။ သူတို့က အလျင်အမြန်သွားပြီး ယဲ့ချင်းရန်နှင့်အတူ တန်တန်ကို ထူပေးလိုက်သည်။

မုချင်းရွဲမျက်နှာက ဖြူဖျော့နေကာ သူမကိုယ်သူမ ကြိုးစားပြီး ခုခံပြောဆိုသည်။ "ငါ သူမကို မတွန်းပါဘူး... သူမဘာသာ ပြုတ်ကျသွားတာ..ဟန်ဆောင်ပြီးနာပြနေတာ... သူမက ကောက်ကျစ်ပြီး အရမ်းအကြင်နာကင်းမဲ့တာပဲ"

သူမစကားမဆုံးခင်မှာ ကြိုးစားပြီး မတ်တပ်ရပ်နေသည့် တန်တန်က ယဲ့ချင်းရန်ရင်ခွင်ထဲပြုတ်ကျသွားသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now