Chapter 1

1.1K 48 3
                                    

Chapter 1- စကြဝဠာလုံးဆိုင်ရာ
အကျပ်အတည်း

အာကာသ ဟင်းလင်းပြင်ထဲတွင် စစ်သင်္ဘောကြီးတစ်စင်း မျောလွင့်နေသည်။ အင်မတန်ကြီးမားလွန်းပြီး
မြို့ကြီးတစ်မြို့စာခန့်ရှိကာ အမြောက်လက်နက်ပေါင်းများစွာကို
တပ်ဆင်ထားသည်။

နော့ခ်အာ့ခ်စစ်သင်္ဘော၊ အဆုံးမဲ့ကမ္ဘာ၏
အကြီးဆုံးစစ်သင်္ဘောကြီးဖြစ်ပြီး ကမ္ဘာပေါ်ရှိ မျိုးနွယ်စုတိုင်းက ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

"ကြယ်တာရာထောင့်ဖြတ်မျဥ်း ၇၈၉၊
ကန့်လန့်မျဥ်း ၈၈၆ အတိုင်းဆက်သွားနေပါတယ်။ အမြန်နှုန်းက အလင်းနှစ် ၀.၂၇ပါ။ နောင် ၃ နာရီအတွင်း အိုမီဂါဂလက်ဆီအဆင့် အရှင်သခင် Eisenရဲ့
နယ်မြေအတွင်းကို ဝင်ရောက်ပါတော့မယ်။"

ယာဥ်၏အမြင့်ဆုံးခုံပေါ်တွင်တော့
ဆံပင်ဖြူများနှင့် နတ်ဘုရားတစ်ပါး
ထိုင်နေသည်။ သူက ယာဥ်အမှုထမ်းများကို ပျင်းရိစွာကြည့်လိုက်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရန် ပြောလိုက်၏။

သူကတော့ ဖောက်ထွင်းမြင်ရသည့်
မျက်နှာပြင်လေးမှ သတင်းပေးပို့ချက်များကိုသာ ကြည့်နေသည်။

"တကယ်ပဲ ဒီနေရာမှာ စကြဝဠာပထမခေတ်က အကြွင်းအကျန်တွေကို တွေ့ရမှာလား။ လောကအုပ်ချုပ်သူတွေတောင်
တတိယခေတ်အကြောင်းအထိပဲ သိကြတာလေ။"

ရုတ်တရက် ပဲ့ကိုင်က လှမ်းအော်ပြောလိုက်သည်။

"အရှင်မင်လန်ကျီ၊ Eisenဒေသရဲ့စစ်တပ်တွေ ကျွန်တော်တို့ကို ဝိုင်းထားပါတယ်။"

သိပ်မကြာခင်မှာပင် နော့ခ်အာ့ခ်၏စကြဝဠာကွန်ယက်ကို တစ်ဖက်ကွပ်ကဲရေးယာဥ်မှ ခေါင်းဆောင်ဖြစ်သူက ဆက်သွယ်လာသည်။

စိမ်းဖန့်ဖန့်ရောင်အသားအရေနှင့် မျိုးနွယ်ခြားစစ်သည်တစ်ယောက်၏ ဟော်လိုဂရမ်မျက်နှာက ယာဥ်အတွင်းပေါ်လာ၏။

"ဂလက်ဆီပြင်ပက အမည်မသိယာဥ်ပျံ၊
မင်းတို့က ဘယ်အဖွဲ့အစည်းကလဲ၊ ဘာအတွက်လာခဲ့တာလဲ။"

မင်လန်ကျီက ဟော်လိုဂရမ်ပုံရိပ်ကို
မော့ကြည့်ကာ ပြောလိုက်သည်။

Code15:What is wrong with my daughterWhere stories live. Discover now