AFS Chapter 1

116 8 5
                                    

စာရေးသူ၏မှတ်စု- Saddy Newyear အနေနဲ့တင်တဲ့ ၁၈+
အပိုင်းပါခင်ဗျ။ အသုံးအနှုန်းယဥ်ယဥ်လေးတွေနဲ့ပဲ ရေးထားပါတယ်။

Code 15:Greatest Mistake
Special Bonus Chapter- 1
စုန်းမလေးက တကယ်အရွယ်ရောက်ချင်
နေတယ်

[စာရေးသူ၏မှတ်စု- ဒီအခန်းက ၁၈ယောက်
စုဖတ်ရမှာပါ။ လူပြည့်အောင် လိုက်ရှာထား
ကြဦး။]

စင်သီယာလေးက နယ်စားအိမ်တော်၏
စာကြည့်ခန်းငယ်လေးထဲတွင် ငြိမ်ငြိမ်က
လေးထိုင်ကာ စာဖတ်နေသည်။ သို့သော်
ပျင်းရိစွာဖြင့် သန်းဝေလိုက်ပြီး စာအုပ်ကို
ပိတ်လိုက်၏။

သူပျင်းလှပြီ။ နယ်စားအိမ်တော်ရှိ စာ​အုပ်များအားလုံးကို ဖတ်ပြီးသည့်အပြင် ဆိုင်
သွား၍အသစ်ဝယ်ခဲ့သေးသည်။ နောက်ဆုံး
၌ စင်သီယာ၏ဘီလူးကဲ့သို့ ဝယ်လိုအားကြောင့် မဟူရာကျောက်တုံးမြို့တော်ရှိစာအုပ်ဆိုင်အားလုံးတွင် စာအုပ်ပြတ်လပ်မှု
ဖြစ်သွားလေပြီ။

မဟာမိတ်ခေါင်းဆောင်ဖြစ်လာပြီးနောက်
၂၅ရက်တိုင်တိုင် လုပ်စရာမရှိသောကြောင့်
သီယာတစ်ယောက် တစ်ယောက်တည်း ပစ္စည်းအသစ်များထွင်ရင်း မိမိကိုယ်ကိုယ်
ဖျော်ဖြေနေခဲ့သည်။ အစပိုင်းပျော်ဖို့ကောင်း
သော်လည်း တဖြည်းဖြည်းအကြံဉာဏ်ကုန်
သွားပြီး ငြီးငွေ့စရာကောင်းလာ၏။ ထွင်လွန်းသဖြင့် ဝမ်းဝမ်း၏အဆင့်သတ်မှတ်
ချက်တွင်ပင် စင်သီယာ၏အဆင့်က ရှေးပညာရှိဂိုရန်ထက်မြင့်နေ​ပေပြီ။

စင်သီယာထွင်ထားသော ပျံလွှားငှက်ပုံစက်
ရုပ်လေးများက ခြံဝန်းထဲပတ်ပျံနေပြီး ခွေး
စက်ရုပ်အနည်းငယ်က အန်ဇုလှန်းထားသော
အဝတ်များကိုကိုက်ကာ ဆုတ်ဖြဲနေကြသည်။ ဝမ်းဝမ်းနှင့်အန်ဇုကတော့ စက်ရုပ် ခွေးများနောက်မှ ပြေးလိုက်နေရ၏။

စင်သီယာက သူ့အပြစ်မဟုတ်သလိုမျိုး
သူ့စံအိမ်မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ပြိုကျသွားခဲ့သော နယ်စားစံအိမ်တော်မှာ မှော်တန်ခိုးဖြင့်ပြန်တည်ဆောက်ပြီးလေပြီ။ နောက်တစ်ကြိမ်ပြန်မပြိုကျစေရန်အလို့ငှာ မှော်အစီအရင်တချို့ကို ထပ်ဖြည့်ထားရ၏။

Code15:What is wrong with my daughterWhere stories live. Discover now