Chapter 10

102 16 0
                                    

Code 15:Greatest Mistake
Chapter 10: နင်တို့နှစ်ယောက်အတွက်
ငါထွက်သွားပေးပါမယ်ဟာ

ကြက်ဘီလူးမှာ သိပ်မကြာခင်အချိန်အတွင်းမှာပင် ရွာထဲဝင်လာ၏။
လက်ဖက်ရည်ပန်းကန်နီးနီးကြီးသော
မျက်လုံးကြီးနှစ်လုံး၊ စည့်အိုးကြီးလောက်ကြီးသော ခေါင်းနှင့် ချွန်မြပြောင်လက်နေသော နှုတ်သီးကြီးတို့က သာမန်ကြက်မျိုးမဟုတ်၊ မဟာမျိုးမဟာနွယ်ကြက်ဖြစ်ကြောင်း ဖော်ပြလို့နေသည်။

ကြက်သခင်မကြီး ရွာထဲသို့ခြေချလိုက်သည်နှင့် ဆောင်းတွင်းဖြစ်၍ အေးစက်ခြောက်သွေ့နေသော မြေပြင်မှာ ကွဲအက်သွားလေတော့သည်။ ရွာသားများမှာတော့ ပြောရန်ပင်မလို အလိုလိုအကာအကွယ်ယူပြီး ကြက်ဖမ်းပွဲကြီးကို
ကြည့်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။
ကြက်မကြီးနှင့် ပထမဆုံးမျက်နှာချင်း
ဆိုင်လိုက်သူက သတ္တိခဲအာသာပင်ဖြစ်သည်။ လူငယ်သော်လည်း အတွေ့အကြုံနုသူမဟုတ်၍ သူသည်ဓားကို ရင်ဘတ်ရှေ့တွင် ထောင်လိုက်နေရာချထားကာ ဘယ်ခြေကိုရှေ့ထုတ်၍ ညာခြေကို စလှမ်းလိုက်သည်။

"သွေးသားအစွမ်း: ဝိညာဥ်ခရီးသည်။"

ဝိညာဥ်ခရီးသည်ဆိုသည်မှာ ဒဏ္ဍာရီလာ
သတ္တဝါတစ်မျိုးဖြစ်ပြီး အနက်ရောင်အရိပ်အသွင်ရှိကာ ခြေတစ်လှမ်းလှမ်းလိုက်ပါက မိုင်တစ်ရာကိုတစ်ခဏလေးနှင့်ရောက်နိုင်သည်ဟု သတင်းကြီးသော
မျိုးနွယ်ပင်ဖြစ်သည်။ အာသာ ဝင်းသားရို့စ်မှာ ထိုသွေးသားအစွမ်းကို အဖေဖြစ်သူ၏ဘိုးဘေးတို့ထံမှ ဆက်ခံရရှိခြင်းဖြစ်ပြီး သာမန်အဆင့်တူတို့ထက် အဆပေါင်းများစွာ မြန်ဆန်သောအကျိုးကိုခံစားရလေသည်။

အာသာမှာ လူတိုင်း၏ရှေ့မှာပင် အရိပ်မည်းတစ်ခုအသွင်ပြောင်းသွားပြီး ကြက်မကြီး၏ရှေ့တွင် ပေါ်လာသည်။
သူ၏ရတ်ပါဓားက ကြက်မကြီး၏လည်မျိုကို ထိုးဖောက်ရန်
လက်သုံးလုံးခန့်သာ လိုတော့သည်။
သို့သော် ကြက်မကြီးက သူ့ထက်အကွက်ကြိုမြင်နေခဲ့သည်။ အာသာ ရှေ့သို့ပြေးထွက်မသွားခင်ကတည်းက ကြက်မကြီးမှာ အာသာရောက်လာမည့်နေရာကို ခန့်မှန်းပြီးဖြစ်ကာ ခြေတစ်ဖက်ကိုမြှောက်ထားပြီး အာသာ၏ရင်ဝရှိမည့်​​​နေရာကို ကြိုကန်ထားခဲ့သည်။

Code15:What is wrong with my daughterWhere stories live. Discover now