Chapter 21

64 10 0
                                    

Code 15:Greatest Mistake
Chapter 21- သူတော်စင်တွေက မီးပန်းဖောက်ရတာ ကြိုက်တာလား

မင်းသားကြီးနှင့်မြို့စားကြီးတို့က ကောင်းကင်ပေါ်တွင် တိုက်ခိုက်ရင်း
သူတို့၏အင်အားကောင်းသောစွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။

မြို့စားကြီးက သူ၏ပါးစပ်ကိုဖွင့်ဟလိုက်ကာ ပတ်ဝန်းကျင်ရှိ မှော်စွမ်းအားများကို စုပ်ယူလိုက်သည်။ ထို့နောက်သန့်စင်သော အဖျက်စွမ်းအားများပါဝင်သည့်
အလင်းတန်းဖြင့်ပစ်လွှတ်လိုက်သည်။

မင်းသားကြီးကလည်း အခုထိအရှုံးမပေးသေးပေ။ သူက မဟူရာကျောက်တုံးတော်ဝင်မျိုးများတွင်သာရှိသော သွေးသားအစွမ်းကို ထုတ်သုံးလိုက်သည်။
ရွှမ်ဝူလိပ်နက်ကြီး၏ပုံရိပ်က ကောင်းကင်တွင်ထွက်ပေါ်လာပြီး ရွှေရောင်ချပ်ဝတ်က အနက်ရောင်ပြောင်းသွားသည်။ ထို့အတူမင်းသားကြီး၏ ခုခံနိုင်စွမ်းကလည်း နှစ်ဆနီးနီးမြင့်သွားသည်။

ဝံပုလွေတစ်ဝက်ဖြစ်နေသော မြို့စားကြီးက ကျိန်ဆဲလိုက်သည်။

"မင်းသားပြုတ်၊ လိပ်ဘိုးဘေးအားကိုးနဲ့
ငါ့လက်ကလွတ်ချင်တယ်ပေါ့။ ငါ့အစွမ်းကို သေချာကြည့်ထား။"

အာဝူး....။

မြို့စားကြီးက ဝံပုလွေတစ်ကောင်လိုဟိန်းဟောက်လိုက်ပြီး သူ၏အမွှေးများနှင့်အစွယ်များက ပိုရှ​ည်လာသည်။ ခန္ဓာကိုယ်ကလည်း ပိုမိုထွားကျိုင်းလာပြီး
တကယ့်သမန်းဝံပုလွေအဖြစ်သို့ အပြည့်အဝပြောင်းသွားသည်။ ခွန်အား၊ခံနိုင်ရည်၊ အမြန်နှုန်း အရာအားလုံးကယခင်ကထက် ပိုတိုးတက်သွားသည်။

သူတို့နှစ်ယောက် အသည်းအသန်တိုက်ခိုက်နေချိန်တွင် တခြားလူများမှာလည်း ရပ်တန့်မနေခဲ့ပေ။ ဘုရားကျောင်းမှလူများက မင်းသားကြီးရောက်လာသည်ကိုအားကိုးကာ သူတို့၏ထူးခြားသောအတတ်ပညာများဖြင့် ဝင်းသားရို့စ်ဘက်မှ ပညာရှင်များကိုဖိအားပေးရန် ကြိုးစားနေကြသည်။

မျက်နှာဖုံးနှင့်အမျိုးသမီးက ဓားအလင်းတန်းများကို ကိုယ်ကိုလှည့်ကာရှောင်လိုက်သည်။ လွဲသွားသောဓားအလင်းများက သစ်ပင်များကျောက်ဆောင်များကို ထိမှန်သွားပြီးပေါက်ကွဲကုန်သည်။ ထိဖန်များသောအခါ တောအုပ်၏ကျန်ရှိနေသောအစိတ်အပိုင်းများပင် ပျက်စီးကုန်ပြီး
မြေပြင်တွင်အပေါက်ကြီးများဖြစ်ကုန်သည်။ အဆင့်မြင့်ပညာရှင်များ၏တိုက်ပွဲက မြေယာပြုန်းတီးရေးလုပ်နေသည်ဟုပင်ဆိုနိုင်သည်။

Code15:What is wrong with my daughterWhere stories live. Discover now