Chapter 9

93 15 0
                                    

Code 15:Greatest Mistake
Chapter 9: ကြက်ပေါက်ပြဿနာ

"ရေးဟူး၊ ဒီတစ်ခေါက်တာဝန်ပြီးရင်
အဆင့် C ရောက်ပြီကွ။" ရိုမီယိုက
ပေါင်းမိုးတပ်လှည်းပေါ်မတက်ခင်
လက်နှစ်ဖက်ကိုမြှောက်ကာ အော်ဟစ်လိုက်သည်။ နောက်ဆုံးတော့ လူလေးစားသူလေးစားရှိသည့် အဆင့်တစ်ခုသို့ သူတို့ရောက်တော့မည်ဖြစ်သည်။ အဆင့် B နှင့်အထက် စွန့်စားသူများကို ငှားရန်မှာ
အလွန်စျေးကြီးသောကြောင့် ​ကုန်သည်နှင့်ရွာအများစုမှာ အဆင့် Cများကိုသာ အဓိကငှားရမ်းလေ့ရှိသည်။ ထို့ကြောင့်
လူလေးစားသူလေးစားသည့် အဆင့်ဟုပြောနိုင်သည်။ သို့သော် တကယ်တမ်းအစွမ်းထက်သည်ဟုတော့ ပြော၍မရသေးပေ။

ရိုမီယိုလုပ်သည့်အတိုင်းပင် မိုနဲကလည်း
လက်နှစ်ဖက်ကိုမြှောက်ပြီး အော်လိုက်သည်။ "ရေးဟူး။"

ဝီလီယံက ကြားဖြတ်ပြောလိုက်သည်။
"မိန်းကလေးမိုနဲက အဲဒီအရူးကောင်လုပ်တဲ့အတိုင်း လုပ်စရာမလိုပါဘူး။"

"ရေးဟူး။" သို့သော် မိုနဲတက်ပြီးသည်နှင့်
အလှည့်ကျလာသော ဝက်သားပေါက်ကလည်း ရှေ့ကလူနှစ်ယောက်အတိုင်းပင်
လက်ကိုမြှောက်ကာ အာလုပ်သံပါပါကြီးနှင့် အော်ဟစ်ကာတက်သွားသည်။ ဝီလီယံက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ တစ်မြို့လုံးရှိလူများက သူတို့ကိုကြည့်နေကြောင်း တွေ့ရသဖြင့် ခပ်ရှက်ရှက်ဖြင့် လက်နှစ်ဖက်ကိုမြှောက်ကာ

"ရေးဟူး။"ဟုအော်ရင်း လှည်းပေါ်တက်လိုက်သည်။ အသားသည်ဦးလေးကြီးကတော့ ရယ်ကျဲကျဲဖြင့် ဝက်သားများကိုဓားဖြင့်ဆက်ခုတ်ရင်း သူ့ဘေးရှိဟင်းရွက်သည် အဖွားကြီးကိုပြောလိုက်သည်။

"ဒါ သူတော်စင်မလေး မိုနဲတို့အဖွဲ့ရဲ့
ကံကောင်းစေတဲ့ပုံစံဖြစ်မယ်ထင်တယ်။"

"ဟုတ်မယ်ဟုတ်မယ်။" စိတ်ကောင်းရှိသော မိုနဲမှာ မြို့ပေါ်ရောက်လာသည့်တိုင်အောင် အကောင်းမြင်တတ်သည့်စိတ်ကလေးက ပျောက်မသွား။ အလုပ်လုပ်ရန်မရှိဘဲ အားနေသည့်အချိန်များတွင် မြို့ထဲလှည့်ပတ်သွားလာကာ လူအများကို ကူညီပေးတတ်သည်။ မနက်ဆိုလျင် ဟင်းရွက်သည်အဖွားကြီးကိုဆိုင်ကူခင်းပေးကာ နေမြင့်ပါကလည်း ဆိုင်ကူသိမ်းပေးတတ်သည်။ ရံဖန်ရံခါ မြို့ထဲမှ
ကလေးများနှင့် ဆော့ကစားနေတတ်ပြီး
နေမကောင်းသူများအတွက်လည်း တောထဲမှ ဆေးပင်တချို့ရှာပေးတတ်လေရာ
မြို့၏သမားတော်ကြီးကပင် သူ့ကိုတပည့်လက်ခံချင်နေသည်။ မိုနဲနှင့်အတူ စျေးလမ်းထဲသွားပါက လူတိုင်းကကျေးဇူးတင်သဖြင့် ပေးသောသစ်သီးဝလံများကြောင့်
တစ်နပ်စာတော့ အလကားစားရသည်ဖြစ်ရာ ဝီလီယံတို့ ငမွဲအုပ်စုမှာ ပျော်ရွှင်လျက်ရှိသည်။

Code15:What is wrong with my daughterKde žijí příběhy. Začni objevovat