Chapter 56

47 6 0
                                    

Code 15:Greatest Mistake
Chapter 56- တိုက်ပွဲရေချိန် မြင့်
တက်လာခြင်း

နတ်တစ်ပိုင်းလေးယောက်မှာ လက်တစ်ရာ ဗလာကောင်များအား ကြာမြင့်စွာထိန်းသိမ်းထားနိုင်စွမ်းမရှိကြပေ။ လက်ပေါင်းများစွာကြားတွင် သူတို့သည် အန္တရာယ်ကို စတင်ရင်ဆိုင်လာ​ရပြီဖြစ်၏။

ပုလဲနက်၏သံကြိုးများကို လက်ပေါင်း
များစွာက ဆုပ်ကိုင်လိုက်ပြီး ဆွဲယူလိုက်
သည်။

"အား..." ပုလဲနက်မှာ ခုခံနိုင်စွမ်းမရှိဘဲ
ဗလာကောင်ကြီး၏ ပါးစပ်နားသို့ရောက်
သွားလေ၏။ နဂါးပြာဧကရာဇ်က သူ၏
လှံပုဆိန်ကို လှည့်ပတ်ကာ အားဖြင့် လက်
များကို ခုတ်ချလိုက်သည်။ ထိုအတွက်
ကြောင့် ဗလာကောင်များဆက်ပွားလာမည်ကို သူသိသော်လည်း ပုလဲနက်ကို
ကယ်ချင်ပါက အခြားနည်းမရှိပါ။

သံမဏိတံတိုင်းဘိုးဘေးနှင့်မဟူရာကျောက်တုံးဘိုးဘေးတို့သည်လည်း
အလားတူအခက်အခဲကို ကြုံတွေ့နေရကြရသည်။ အခြားနတ်တစ်ပိုင်းများသည်လည်း အလားတူပင်။

စုန်းမလေးဘက်တွင်တော့....

"Majo-chan Kick!!!"

ပန်းရောင်စက်ရုပ်လေးက ဟန်ပါပါဖြင့်
လက်တစ်ရာဗလာကောင်ကြီး၏အဓိက
ခေါင်းကို ဆောင့်ကန်လိုက်သည်။ ပြင်း
ထန်သောအားကြောင့် ဗလာကောင်ကြီး
မှာ နောက်သို့လွင့်ပါသွား၏။ စင်သီယာက စုန်းမလေးစက်ရုပ်၏လက်နှစ်ဖက်
ကိုဆန့်တန်းလိုက်ရာ အဖြူရောင်မီး
တောက်များက ဧရာမနှစ်ဖက်တူကြီး
အဖြစ်သို့ ပြောင်းလဲသွားသည်။

"Majo-chan's war hammer!!!"

လက်တစ်ရာဗလာကောင်ကြီးက သူ၏လက်များစွာကိုမြှောက်ကာ
မီးတောက်တူကြီးကို တားဆီးလိုက်၏။
သို့သော် သန့်စင်သောယန်မီးတောက်
မှာ မသန့်စင်သောအရာများကို ဖျက်ဆီး
ပစ်နိုင်စွမ်းရှိ၏။ ဗလာကောင်များသည်
စကြဝဠာကြီး၏ညစ်နွမ်းသောစိတ်မှ
ဖြစ်တည်လာခြင်းဖြစ်ရာ ယန်မီးတောက်
ရှေ့တွင် ရပ်တည်နိုင်စွမ်းမရှိကြ။

ဗလာကောင်၏လက်များစွာမှာ သဘာဝ
ရန်သူဖြစ်သော မီးတောက်၏ လောင်ကျွမ်းခြင်းကိုခံလိုက်ရပြီး မရှိခြင်း
အဖြစ်သို့ ပြောင်းလဲသွား၏။ သို့သော်
ဗလာကောင်ကိုယ်တိုင်ကမူ လက်မလျှော့သေးပေ။ သူက ပင်မခေါင်း၏ပါးစပ်ကို
ဟလိုက်သည်။ ပျက်သုန်းခြင်းစွမ်းအား
များက အလင်းတန်းအဖြစ်ပြောင်းသွား
ပြီး ဘောလုံးတစ်လုံးအဖြစ် စတင်စုဝေး
၏။

Code15:What is wrong with my daughterWhere stories live. Discover now