Chapter 22

69 8 0
                                    

Code 15:Greatest Mistake
Chapter 22- ဧည့်ဂိုဏ်းသား

မဟူရာကျောက်တုံးနိုင်ငံ၊ နန်းမြင့်မျှော်စင်ပြည်နယ်။

နန်းမြင့်မျှော်စင်ပြည်နယ်မှာ နိုင်ငံ၏
အရှေ့မြောက်ပိုင်းတွင်ရှိကာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသော မဟူရာကျောက်တုံး တောင်တန်းဒေသနှင့် နယ်နိမိတ်ချင်းထိစပ်မှုအများဆုံးပြည်နယ်ဖြစ်သည်။

တောင်တန်း​ဒေသတွင် သားရဲအဆင့်များနှင့်ယှဥ်နိုင်သည့် သားရဲစစ်သူကြီးအများအပြားနေထိုင်ကာ နဂါးအဆင့် သားရဲဘုရင်များ၊ သူတော်စင်အဆင့် သားရဲဧကရာဇ်များလည်း ရှိနေသေးသည်။
ထို့အပြင် မူလသားရဲ၇ကောင်အနက်မှ
တစ်ကောင်ဖြစ်သော ဒေါသနဂါးတိုက်ဖုန်းမှာလည်း ထိုတောင်
တန်း၏နက်ရှိုင်းသောနေရာတွင် နေထိုင်လျက်ရှိသည်။

သားရဲအများအပြားနေထိုင်သည့်ဒေသ
ဖြစ်လေရာ သားရဲများ၏တိုက်ခိုက်မှုကို
မကြာခဏခံရသောကြောင့် နန်းမြင့်မျှော်စင်ပြည်နယ်တွင် မဟူရာကျောက်တုံး၏ တပ်မဟာကြီးတစ်ခုချထားကာ
သူတော်စင်အဆင့်များစွာက စောင့်ရှောက်ပေးလျက်ရှိသည်။ အခြား​ဒေသများတွင် သူတော်စင်အဆင့်တစ်ယောက်က မားကွပ် သို့မဟုတ် နယ်စားတစ်ပါးဖြစ်ရန် လုံလောက်သော်လည်း ယခုနေရာတွင်တော့ သူတော်စင်အများအပြားချထားရခြင်းကြောင့် နယ်စားချုပ်ကြီးကိုယ်တိုင်က တာဝန်ယူထားရသည်။

ယင်းအင်အားစုအပြင် ကမ္ဘာ့ကျင့်ကြံသူဂိုဏ်းများအနက် အစွမ်းအထက်ဆုံးဂိုဏ်းတော်တစ်ခု​ဖြစ်သည့် နန်းမြင့်မျှော်စင်ဂိုဏ်းမှာလည်း ထိုနေရာတွင်ရှိနေပြီး သားရဲများနှင့်ပတ်သက်သည့်ပြဿနာကို ကိုင်တွယ်နေသည်။

နန်းမြင့်မျှော်စင်ဂိုဏ်းတွင် သူတော်စင်အဆင့် အကြီးအကဲငါးပါးရှိပြီး သူတို့၏အင်အားက ဘုရင့်နိုင်ငံတစ်ခု၏အင်အားနှင့် တူညီလုနီးပါးရှိသည်။
ဂိုဏ်းသားတစ်သောင်းခန့်ရှိပြီး အရည်အချင်းပြည့်ဝကြသည်။ မဟူရာကျောက်တုံးနိုင်ငံရှိ ငယ်ရွယ်သောကျင့်ကြံသူများမှာ ပိုမိုအစွမ်းထက်လာနိုင်ရန်အတွက် တော်ဝင်စစ်တပ်တွင်တာဝန်ထမ်းဆောင်ရန်အပြင် ဂိုဏ်းတော်ကိုဝင်ရန်လည်း ရွေးချယ်နိုင်ကြသည်။

Code15:What is wrong with my daughterWhere stories live. Discover now