Chapter 48

46 7 0
                                    

Code 15:Greatest Mistake
Chapter 48- လောကတေးကဗျာ

"ကောင်စုတ်လေး၊ မင်းရူးနေလား။
တန်ခိုးကျင့်တယ်ဆိုတာ ကစားစရာမဟုတ်ဘူးကွ။ မင်းစိတ်ကူးပေါက်တိုင်းလုပ်စရာလား။ တစ်ခုခုမှားသွားရင် ပြန်ပြင်လို့မရဘူးကွ။"

အသက်ငါးဆယ်ခန့်ရှိပုံရသည့် လူဝကြီးတစ်ဦးက နွားရိုက်ကြိမ်လုံးကိုကိုင်ကာ
လူငယ်လေးတစ်ယောက်အား ပယ်ပယ်နယ်နယ် စော်ပလော်တီးနေသည်။

ဖြန်း...

"အုဝါး...."

ဖြန်း....

"အား...ဟား...ဟား...."

နောက်ဆုံးလူဝကြီးက မောသွားဟန်ဖြင့်
ကြိမ်လုံးကိုဘေးချကာ နဖူးမှချွေးများကိုသုတ်လိုက်၏။

"နောက်တစ်ခါ ပေါက်ကရလုပ်ရဲလုပ်ကြည့်။ ငါမင်းကို မြွေဂူထဲပစ်ထည့်ပစ်မယ်။"

"ဟွန်း..." လူဝကြီးက စွမ်းအင်တောင်ပံကိုဖွင့်ကာ ကောင်းကင်ပေါ်သို့ပျံတက်သွားသည်။

အဆုံးမဲ့ရယ်မောခြင်းဂိုဏ်း၏အတွင်းစည်းတပည့်များသာ စည်းကမ်းထိန်းသိမ်းရေးရင်ပြင်တွင် ကျန်နေခဲ့၏။
တပည့်များအားလုံးက အရိုက်ခံရသည့်ကောင်လေးကိုလက်ညိုးထိုးကာ ဝိုင်းဟားနေကြသည်။

"ဟားဟားဟား...စီနီယာအစ်ကိုပိုင်ကျိုးက တကယ်ရယ်ရတာပဲ။ သူက ကြက်တူရွေးကို သူ့ရဲ့သားရဲဝိညာဥ်အဖြစ်ပေါင်းစည်းခဲ့တယ်။ ဖိုးဖိုးရွှင်ပျော်ပျော် သူတော်စင် ဒေါသထွက်လွန်းလို့သေတော့မယ်။"

အရိုက်ခံလိုက်ရသောကောင်လေးမှာ
တခြားမဟုတ်။ အရူးနတ်ဘုရားလောင်းလျာ ပိုင်ကျိုးပင်ဖြစ်၏။ ယခုသူက သားရဲအဆင့်ကိုရောက်ခါစသာရှိသေးသည်။

"ငါတို့ အဆုံးမဲ့ရယ်မောခြင်းဂိုဏ်းမှာ
တိုက်ရိုက်တပည့် သုံးယောက်ပဲရှိတာ။
အစ်ကိုဝူလုံနဲ့အစ်မရှောင်ရှီတို့နှစ်​ယောက်လုံးက သားရဲအဆင့်ကိုရောက်နေပြီ၊ သူတစ်ယောက်ပဲစိတ်ဝိညာဥ်အဆင့်မှာ ကျန်တော့တာမလို့ ရူးသွားပြီး ရိုးရိုးတိရစ္ဆာန်တစ်ကောင်နဲ့ ပေါင်းစပ်လိုက်တာများလား။"

"အာ...ဂိုဏ်းတူညီလေး၊ မင်းဒီကောင့်အကြောင်းမသိဘဲ မပြောစမ်းပါနဲ့ဟ။
ဒီကောင်ရဲ့သွေးသားအစွမ်းက ဘာလဲသိလား။ ရေကိုဝိုင်အဖြစ်​ပြောင်းနိုင်တာပဲ။
သူ့ရဲ့စိတ်ဝိညာဥ်နယ်ပယ်က ဘာလဲသိလား။ ကဗျာတွေကောင်းကောင်းဖွဲ့နိုင်တာပဲ။ သားရဲအသွင်က ကြက်တူရွေးဖြစ်တာ မထူးဆန်းဘူးထင်တယ်။ နောက်ကျရင် ငါတို့ဂိုဏ်းမှာ ဝိုင်သောက်ပြီး သီချင်းကောင်းကောင်းဆိုတတ်တဲ့ ကြက်တူရွေး
ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက် ရလာတော့မှာကွ။ ဟားဟားဟား...."

Code15:What is wrong with my daughterWhere stories live. Discover now