Chapter 33

50 8 0
                                    

Code 15:Createst Mistake
Chapter 33- ရှေးပညာရှိ၏ရတနာသိုက်

ရှေးပညာရှိ၏ရတနာသိုက်သို့သွားရန်အတွက် နဂါးကြီးတိုက်ဖုန်း၏ရဲတိုက်
တံခါးမှတံခါးသည် တစ်ခုတည်းသောလမ်းဖြစ်သည်။

ဧရာမကြေးတံခါးကြီးပွင့်သွားသည်နှင့်
ကြေးသတ္တုသီးသန့်ဖြင့် ပြုလုပ်ထားသော လှေကားထစ်ရာပေါင်းများစွာကို
တွေ့ရသည်။ တစ်ချိန်က ကြေးနီရောင်တဖိတ်ဖိတ်တောက်ပြောင်ခဲ့ပုံပေါ်သော်လည်း ယခုအခါတွင်တော့ အောက်စီဂျင်ကြောင့် စိမ်းဖန့်ဖန့်ရောင်သန်းနေပြီဖြစ်သည်။

စင်သီယာတို့က လမ်းကြောင်းအတိုင်းအောက်ကို ဆင်းခဲ့သည်။ တည်ဆောက်သူက ပညာရှိပီသသည်။
မြေအောက်ပေရာပေါင်းများစွာကို
ရောက်လာသည့်တိုင်အောင် အသက်ရှူ၍ ရနေသေးသည်။ သို့သော်လေဝင်ပေါက်များမှာ အိုဟောင်းနေပြီဖြစ်၍ နွယ်ပင်များပေါက်နေပြီး ထုံးမြေများမှစိမ့်ထွက်လာသော ရေများကလည်းတစ်ပေါက်ပေါက်ကျနေသည်။ အချို့နေရာများ၌ ရေအိုင်နေသည်ကိုပင် တွေ့ရသည်။

တည်ဆောက်စဥ်က အလင်းရောင်အတွက် အလင်းကျောက်တချို့ကိုထည့်သွင်းတပ်ဆင်ထားခဲ့ပုံရသော်လည်း နှစ်ကြာလာပြီဖြစ်သဖြင့် အလင်းရောင်သိပ်မထုတ်ပေးနိုင်တော့ပေ။ ထို့ကြောင့်စင်သီယာက သူတီထွင်ထားသောဓာတ်မီးများကို တစ်ယောက်တစ်လက်စီပေးထားရသည်။

ဝက်သားပေါက်မှာ အားလုံး၏ရှေ့ဆုံးတွင်သွားနေသည်။ စိုထိုင်းဆများသောပတ်ဝန်းကျင်က သူ၏စိတ်ကိုမတည်ငြိမ်ဖြစ်စေပုံရသည်။ ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ထား၏။ စိုးရိမ်လွန်နေသော ဝက်သားပေါက်ကဓာတ်မီးကို ကိုင်ရန်စိတ်မဝင်စားသဖြင့်
စင်သီယာက သူ့နဖူးတွင် ခေါင်းစည်းနှင့်တပ်ပေးထားလိုက်သည်။

"ဦးဦးဝက်၊ ဦးဦးက လူဝံအကြီးကြီးကိုတောင်မကြောက်တာ၊ ဘာလို့ဒီထဲမှာမှကြောက်နေတာလဲ။"

"သရဲ...သရဲကြောက်တယ်..."

"...."

ဝက်သားပေါက်၏အဖြေကြောင့် အားလုံးပြုံးမိလိုက်ကြသည်။ ထိုသတ္တိခဲဝက်ဘီလူးက တကယ်မရှိသည့်သရဲတော့ကြောက်တတ်သေးသားပဲ။ ပိုင်ကျိုးက
ဝက်သားပေါက်၏ပခုံးကို အားပါပါပုတ်လိုက်သည်။

Code15:What is wrong with my daughterDonde viven las historias. Descúbrelo ahora