Bc 2

36 5 0
                                    

Code 15:Greatest Mistake
Bonus Chapter 2- ဝံပုလွေ၏ချစ်ခြင်း(၂)

ကျွန်မနာမည်က ခရိုလီတာ။

ကျွန်မအသက်က ၂၅နှစ်ရှိပြီ။ အဆောင်မှာအတူနေတဲ့ ကောင်မလေးတွေကတော့ အပျိုဟိုင်းမကြီးလို့ ခေါ်ကြတယ်။

ကျွန်မက တစ်ယောက်တည်းနေတာလေ။ မိဘတွေရှိသေးပေမဲ့ ယောက်ျား
ပေးစားဖို့ ကြိုးစားနေတာကြောင့် နိုင်ငံ
ခြားကို ပြောင်းပြေးလာတာ။

အဟမ်း၊ ပြောင်းပြေးလာတယ်ဆိုပေမဲ့
တကယ်တော့ မာစတာဘွဲ့အတွက် စကော်လာလျှောက်ပြီး ကျောင်းလာတက်
နေတာ။

ကျွန်မမေဂျာက စာကြည့်တိုက်ထိန်းသိမ်းရေးလေ။ ငယ်ငယ်ကတည်းက စာအုပ်
တွေဖတ်ရတာ သဘောကျတယ်။ အထူး
သဖြင့် ဘရိုးမန့်တွေနဲ့ဘီအယ်တွေ။

အခုလည်း ဘီအယ်တစ်ခုဖတ်နေတာလေ။ မာစတာတန်းကျောင်းသားတွေအတွက်က သိပ်​တော့အတန်းမများလှပါဘူး။ မနက်ပိုင်းကျောင်းတက်ပြီး နေ့လယ်ပိုင်းတစ်ပိုင်းလုံးအားနေတာ။

သီးစစ်တင်ဖို့တော့ အလုပ်ကြိုးစားရတာ
ပေါ့။ အားတဲ့အချိန်ဆို တက္ကသိုလ်စာကြည့်တိုက်ရောက်လာပြီး ဘရိုးမန့်နဲ့ဘီအယ်တွေရှာဖတ်နေတာ။ တကယ်တော့ ဘရိုးမန့်နဲ့ဘီအယ်စစ်စစ်ကို တက္ကသိုလ်စာကြည့်တိုက်မှာ ဘယ်ရှာတွေ့နိုင်ပါ့မလဲ။ များသောအားဖြင့် ကျွန်မဘာသာကျွန်မသမိုင်းထဲက သူရဲကောင်းတွေကို ဘီအယ်ဇာတ်သွင်းဖတ်နေရတာလေ ခိခိ။

ဒါပေမဲ့ စာကြည့်တိုက်မှာ ဒီလိုစာအုပ်တွေ လုံးလုံးမရှိတာတော့မဟုတ်ဘူး။ အများပြည်သူလှူဒါန်းထားသော စာ
အုပ်များနေရာမှာဆို ပုံအောနေတာပဲ။
လှူတဲ့လူအများစုက ဒီလိုစာအုပ်တွေ
အများကြီးဝယ်စုထားပြီး အိမ်ထောင်ကျ
ကုန်ကြတဲ့ စီနီယာအစ်မကြီးတွေ။

အပျိုဘဝတုန်းက အဆင်ပြေပေမဲ့
ယောက်ျားယူပြီးတော့ ဒီစာအုပ်တွေ
သိမ်းထားဖို့ လွယ်မှမလွယ်တော့တာ။
ဒါနဲ့ပဲ လှူသမျှစာအုပ်တွေကို သေချာ
မစီစစ်နိုင်တဲ့ တက္ကသိုလ်စာကြည့်တိုက်ကိုပို့ ချောင်ထိုးပစ်လိုက်တော့တာ။

အပိုပိုက်ဆံမဖြန်းချင်တဲ့ ကျွန်မအတွက်
တော့ ရတနာသိုက်ကြီးလိုပါပဲ။

Code15:What is wrong with my daughterWhere stories live. Discover now