BC 1

75 5 0
                                    

Code 15:Greatest Mistake
Bonus Chapter 1- ဝံပုလွေ၏ချစ်ခြင်း (၁)

"ဦး​လေးကြီးလိုဂန်၊ ဒီနေ့ပစ္စည်းတွေ
အများကြီးသယ်လာပါလား။"

ကျုပ်ကပ်ထူစက္ကူဗုံးကြီးတစ်လုံး ကားပေါ်ကနေချလိုက်တော့ တိုက်ခန်းလှေ
ကားကနေဆင်းလာတဲ့ အသက်နှစ်ဆယ်
အရွယ် ကောင်မလေးတစ်ယောက်က မေးလိုက်တယ်။ ဒီကောင်မလေးက ကျုပ်
တိုက်ခန်းဘေးက ကောင်မလေး။ မိက်ကပ်တွေအများကြီးလိမ်းပြီး အတော်အလှမက်တာ။ ကောင်လေးတွေတစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲလွန်း
လို့ ကိုယ့်ရည်းစားနာမည်ကိုယ်တောင် ခဏခဏမှားခေါ်နေတဲ့တစ်ယောက်။

နာမည်က ဒါဗီနာတဲ့။
အီတလီအဖေနဲ့​တရုတ်အမေစပ်မွေးထားတာလေ။

အညိုရောင်ဆံပင်ကိုမှ နဖူးမောက်မောက်နဲ့။ ရုပ်ခံလေးက မဆိုးပေမဲ့
မီးပျက်သွားလို့ကတော့ အိုင်းလိုင်နာတွေကြောင့် သရဲဆိုပြီးအော်ပြေးရလိမ့်မယ်။

ကျုပ်ကတော့လား...

ကျုပ်နာမည်အရင်းက ဗစ်တာ ဝင်းသားရို့စ်၊ ဒါပေမဲ့ တိုက်ခန်းက ကလေးတွေကတော့ ဦးလေးလိုဂန်ပဲ ခေါ်ကြတယ်။
ကျုပ်အသက်က ၃၉ နှစ်၊ ၄၀ ပြည့်ခါနီး
ပြီ။

ငယ်ငယ်ကတည်းက Xmen ရုပ်ရှင်တွေ
ကြိုက်လို့ နေ့မနားညမနားကြည့်ဖြစ်ခဲ့တယ်။ အမေပေးသနားတဲ့ရုပ်ကလည်း လိုဂန်မင်းသားကြီး Hugh Michael နဲ့ခပ်ဆင်ဆင်ရယ်။ ငယ်ငယ်ကတော့ သိပ်မသိသာဘူး။ အသက် သုံးဆယ်လောက်
ရောက်မှ စသတိထားမိတာ။ ကိုယ့်ဘာသာကိုယ် အိမ်မှာတီရှပ်ခဲရောင်နဲ့
ဂျင်းဘောင်းဘီလေးဝတ်ထားတုန်း
Cosplayပွဲက ဒါရိုက်တာတစ်ယောက်
တွေ့သွားပြီး ပွဲကိုခေါ်သွားရာကနေ စ
ဆယ်လီဖြစ်သွားတော့တာပဲ။

Cosplayပွဲတွေမှာ နာမည်ကြီးသွားပြီး
logan cosplayတဲ့ proတစ်ယောက်
ဖြစ်လာတယ်။ မင်းသားကြီး Hugh Michael နဲ့တောင် တစ်ရက်တွေ့ပြီး
လက်ဖက်ရည်အတူသောက်ဖြစ်ကြသေးတယ်။ အခုတော့ သူလည်းအနားယူ​သွားပြီမလို့ ကျုပ်တို့ခေတ်မှာပြန်ရိုက်တဲ့ reboot ကားတွေမှာပါတဲ့loganမင်းသားက တစ်ခြားတစ်​ယောက်ဖြစ်သွားပါပြီ။ X men ဇာတ်ကားဒါရိုက်တာတွေ
နဲ့တောင် အွန်လိုင်းပေါ်မှာ
အဆက်အသွယ်ရှိသေးတယ်။ သူတို့က
မင်းသားသစ်ရဲ့စတန့်မင်းသားလုပ်
ပေးဖို့ ကမ်းလှမ်းနေတာ။ ပြဿနာက ကျုပ်က စတန့်မင်းသားလုပ်ချင်တာမဟုတ်ဘူးရယ်။ တကယ့်Loganလို
လက်သည်းကြီးတွေထွက်၊ မသေနိုင်တဲ့
ကုစားနိုင်စွမ်းတွေနဲ့ ကြမ်းချင်တာ။

Code15:What is wrong with my daughterOnde histórias criam vida. Descubra agora