Chapter 34

59 7 0
                                    

Code 15:Greatest Mistake
Chapter 34- ပြင်းထန်လာသော စစ်ပွဲ

မဟူရာကျောက်တုံးနိုင်ငံ၊ ဒီမိုင်ယာခရိုင်။

နိုင်ငံ၏တောင်ဖက်အကျဆုံး ခရိုင်မှာရက်အနည်းငယ်အတွင်းမှာပင် ကြီးမားသည့်စစ်မြေပြင်ကြီးတစ်ခုအဖြစ်သို့ပြောင်းသွားသည်။

အထက်မှုးမတ် ဒီမိုင်ယာက ဧရာမဓားကြီးကိုဆွဲကိုင်ကာ သူ၏ရန်သူဖြစ်သော
ကာဒီနယ်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။

ဒီမိုင်ယာက သူ၏ဓားကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ဧရာမဓားကြီးက
ရူးသွပ်နေသည့်အလား တုန်ခါလာပြီး
အပြာရောင်လျှပ်စီးများ စတင်စုဝေးလာခဲ့သည်။

"အဖိုးကြီး၊ ဒီတစ်ခါတော့ ခင်ဗျားရဲ့
ဆံပင်အားလုံးကို နှုတ်ပစ်မယ်။"

တစ်ဖက်ကာဒီနယ်က သဲမြေဘုရားကျောင်းမှဖြစ်ကာ ခေါင်းပြောင်ပြောင်နှင့်အကြီးအကဲဖြစ်ပြီး အဝါရောင်လျှပ်စီးလှံတံကြီးကို ကိုင်ဆောင်ထားသည်။

"ကောင်စုတ်လေး၊ မင်းကို ငရဲပို့ပစ်မယ်။"

ဓားနှင့်လှံတို့က လေထဲတွင်တွေ့ဆုံသွားရာ လေထုကပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံး
အမြစ်မှကျွတ်ထွက်ကာ ​လေထဲလွင့်ပျံကုန်၏။

"ကြီးမားလေးလံ..."

ဒီမိုင်ယာက အထူးတိုက်ကွက်တစ်ခုကို
ထုတ်ဖော်လိုက်သည်။ လက်ထဲမှဓားကြီးက မီတာတစ်ရာခန့်အထိ ကြီးမားလာပြီး
ကောင်းကင်ပေါ်မှတစ်ဆင့် တောင်ကုန်းတစ်ခုပေါ်တွင်ရပ်ကာ အနားယူနေသော
ကာဒီနယ်အပေါ်သို့ ပစ်ချလိုက်သည်။

"မဟာဂျာဗာလင်။"

အဖိုးကြီးကလည်း ဘယ်ခြေကိုရှေ့ပို့ကာ
ညာခြေကို နောက်သို့ဆန့်ထုတ်လိုက်ပြီး
ကိုယ်ကိုလေးသဏ္ဍာန်ကိုင်းလိုက်သည်။
သူ၏လက်ထဲတွင် ဧရာမလှံကြီးတစ်ဆင်းပေါ်လာကာ သူ၏ခန္ဓာကိုယ်က မိုးကြိုးစွမ်းအားများဖြင့် တောက်ပလာသည်။

ဝုန်း....

အပြာနှင့်အဝါလျှပ်စီးလှိုင်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ လှိုင်းများကင်းစင်သွားသည့်အခါတွင် အဖိုးအိုရပ်နေခဲ့သောတောင်ကြီးမှာ
ကျောက်တုံးအပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ အဖိုးအိုကိုတော့ နေရာတွင်ရှာမတွေ့တော့။

Code15:What is wrong with my daughterWhere stories live. Discover now