Chapter 53

51 6 0
                                    

Code 15:Greatest Mistake
Chapter 53- ဗလာကောင်တွေ
လာနေပြီ။

သန့်စင်သောယန်မီးတောက်သည်
မသန့်စင်သောအရာများကို လောင်ကျွမ်း
ပစ်နိုင်စွမ်းရှိ၏။ ထို့ကြောင့် နာမည်တွင်
သန့်စင်သော ဟု ပါနေခြင်းဖြစ်သည်။

စင်သီယာသည် အမှောင်ဂိုဏ်းသားအား
လုံးကို သတ်ရန်စိတ်မဝင်စားခဲ့ပေ။ အထင်ကရ ဂိုဏ်းကြီးသုံးဂိုဏ်းအနက်
ကြေးအလောင်းကောင်ဂိုဏ်းကိုသာ
တကယ်ယုတ်မာသည့်ဂိုဏ်းဟု ဆိုနိုင်သည်။

မရဏပင်လယ်ဓားပြဂိုဏ်းနှင့်
မိုးနတ်မယ်ဂိုဏ်းတို့သည် သူတို့ကို
သတ်မှတ်ထားသလောက် ဆိုးယုတ်သော
ဂိုဏ်းများမဟုတ်ကြပါ။

မရဏပင်လယ်ဓားပြဂိုဏ်းသည် ပေါ်လာ
သည်မှာ နှစ်သုံးရာမကျော်သေးပါ။ ဝေလဖြူဧကရာဇ်နိုင်ငံဟောင်းခေတ်က ပြည်
နှင်ဒဏ်ခံရသူများနှင့်နောက်မျိုးဆက်
များက စုစည်းတည်ထောင်ထားသော
အဖွဲ့သာဖြစ်သည်။

မရဏကျွန်းသည် မြေဩဇာမကောင်းပေ။ ယခင်ဝေလဖြူဘုရင်လက်ထက်က
သူ့ကိုဆန့်ကျင်သူများကို မရဏကျွန်းသို့
ပို့ကာ ပြည်နှင်ဒဏ်ပေးတတ်၏။

နှစ်များစွာကြာသောအခါ ကျွန်းပေါ်တွင်
ထောင်သားများအပြင် သူတို့မှပေါက်ပွားသော ဒုတိယမျိုးဆက်၊တတိယမျိုးဆက်
များပါ ရှိလာကြသည်။ သို့သော်ကျွန်းစောင့်များက သူတို့ကိုပါ ရာဇဝတ်သား
လို့ဆက်ဆံခဲ့ကြ၏။

မဟာစစ်ပွဲအတွင်း ဝေလဖြူဘုရင်ကျဆုံးသောအခါ ဝေလဖြူဧကရာဇ်နိုင်ငံသည်
ဘုရင့်နိုင်ငံအဆင့်သို့ကျသွားသည်။ ဘုရင်သစ်ကလေး အိရှိကာဝါမှာလည်း
မရင့်ကျက်သေးရာ ဒိုင်မျိုနယ်စားတို့
ပုန်ကန်ကြလေသည်။ မရဏကျွန်းကိုလည်း ဘုရင့်အစိုးရက ကောင်းစွာမစောင့်ကြည့်နိုင်တော့ပေ။

ထိုအခါ ယခင်ဘုရင်ကြီးလက်ထက်က
တစ်ကျွန်းချထားသော နတ်တစ်ပိုင်းပညာရှင် ပုလဲနက်သည် ကျွန်းသားများကိုဦးဆောင်ကာ အစောင့်များကိုရှင်းပစ်
ခဲ့သည်။

သို့သော် ဆင်ပိန်လှကျွဲလောက်ရှိသေးသော ဝေလဖြူဘုရင့်နိုင်ငံကိုမူ ဘာမှ
မလုပ်နိုင်ခဲ့ဘဲ ကျွန်းနှင့်အနီးတစ်ဝိုက်
ရေပြင်ကိုသာ အုပ်စိုးနိုင်ခဲ့၏။

Code15:What is wrong with my daughterWhere stories live. Discover now