Chapter 55

50 6 0
                                    

Code 15:Greatest Mistake
Chapter 55- ရူးသွပ်နေတဲ့ စာရေးဆရာနှင့် ဖန်ဆင်းရှင်နတ်ဘုရားမ

ဟောင်းနွမ်းနေသော တီဗီတစ်လုံးမှ
သတင်းလာနေသည်။ အမျိုးသမီး
သတင်းတင်ဆက်သူက ယနေ့အတွက်
သတင်းများကို တင်ပြနေ၏။ သို့သော်
သူ့မျက်နှာက တုန်လှုပ်နေသည်မှာ
အသိသာကြီးဖြစ်သည်။

"ခရစ်နှစ် ၂၁၆၄ ခုနှစ်၊ ဇူလိုင်လဆန်း
၅ရက်နေ့ သတင်းများကို တင်ပြပါမယ်
ရှင်။"

"ရေအရင်းအမြစ်ရှားပါးလာမှုနှင့်၊
သဘာဝပတ်ဝန်းကျင် အကြီးအကျယ်
ထိခိုက်ပျက်စီးမှုတို့ကြောင့် လူသားတို့
အနေဖြင့် ကမ္ဘာ​ဂြိုဟ်ကို နောက် ၅ ရက်
အကြာမှာ စွန့်ခွာမှာဖြစ်ပါတယ်။ ကမ္ဘာ့
အစိုးရရဲ့အစီအစဥ်အရ ပြောင်းရွေ့ရေး
အာကာသယာဥ်တန်းကြီးဟာလည်း
လကမ္ဘာပေါ်မှာ အခြေချပြီးဖြစ်ပါတယ်။
ကမ္ဘာရှိလူသားအားလုံးကို တင်ဆောင်
သွားမှာဖြစ်လို့ မစိုးရိမ်ကြဖို့ သမ္မတကြီး
ဂျော့ခ်က ဒီကနေ့ မနက်ပိုင်းမှာ မိန့်ခွန်း
ပြောကြားခဲ့ပါတယ်။"

ထို့နောက် မြင်ကွင်းက ပြောင်းသွားပြီး
ဆံပင်ရွှေရောင်နှင့် သတ်လတ်ပိုင်း
တစ်ယောက် မိန့်ခွန်းပြောကြားနေသည့်
ပုံကိုပြောင်းပြသည်။

ဆံပင်အနက်ရောင်နှင့် လူငယ်လေးတစ်ယောက်က အခန်းထဲမှထွက်လာပြီး
တီဗီပလက်ပေါက်ကို ချွတ်လိုက်၏။
ထို့နောက် ပြတင်းပေါက်အပြင်ဖက်
သို့ကြည့်လိုက်သည်။ ပြင်းထန်သော
နေရောင်ကြောင့် အနာဂတ်လူတို့
သည် လေးလံသော အကာအကွယ်
ဝတ်စုံကြီးများဝတ်ကာ သွားလာရသည်။
သို့မဟုတ်ပါက ခရမ်းလွန်ရောင်ခြည်
ကြောင့် ကင်ဆာဖြစ်ပြီး ငယ်ငယ်ရွယ်
ရွယ်နှင့်သေနိုင်၏။

သဘာဝအပင်ဟူ၍လည်း မရှိတော့ဘဲ အိမ်အတွင်းအောက်ဆီဂျင်ရအောင်
စိုက်ထားသော အပင်တချို့တလေသာ
ကျန်ရှိတော့သည်။ ထိုအပင်များကလည်း
ဖုတ်လိုက်ဖုတ်လိုက်။ ၂၂ ရာစု အလယ်
ပိုင်းကို ​ကျော်လာပြီးနောက် ကမ္ဘာကြီး
သည် ပြုပြင်လို့မရတော့အောင် ပျက်စီး
သွားခဲ့လေပြီ။

မကြာခင် လူသားတို့က အာကာသအတွင်း ရွက်လွှင့်ကြရတော့မည်။
သို့သော် လူသားအားလုံးမဟုတ်သည်
မှာ သေချာ၏။ ပြောင်းရွေ့ရေးအာကာ
သယာဥ်တန်းတွင် ယာဥ် ၅ စီးသာပါ၏။
တစ်စီးလျင် တစ်သန်းဆန့်လျင်ပင်
လူငါးသန်းသာ တင်ဆောင်နိုင်မည်
ဖြစ်သည်။ ထိုကမ္ဘာ့သမ္မတစကားများက
မုသားများသာ။ အချိန်ကျလျင် ကမ္ဘာ
မှနိုင်ငံရေးသမားများ၊သူကြွယ်များနှင့်
သူတို့မိသားစုများသာ ယာဥ်ပေါ်တက်ရ
မည်ဖြစ်သည်။ သဘာဝကပ်ဘေးများအတွင်း မပါဝင်ခဲ့ဘဲ ရှင်ကျန်ခဲ့သော
လူသန်းငါးရာမှာတော့ ဂြိုဟ်ပျက်ကြီး
ပေါ်တွင် သေခြင်းတရားကို စောင့်မျှော်
နေရန်သာ တတ်နိုင်လိမ့်မည်။

Code15:What is wrong with my daughterWhere stories live. Discover now