Chapter 40

61 7 0
                                    

Code 15:Greatest Mistake
Chapter 40- ထိန်းမနိုင်သိမ်းမရ
စုန်းမလေး

စုန်းမလေး၏တင်လုံးလုံးရင်လုံးလုံးစက်ရုပ်က တောင်ပိုင်းစစ်မြေပြင်ထံသို့
ဦးတည်ကာ ပျံသန်းသွားသည်။

မြို့ထဲတွင်ရှိနေသည့် မြို့သားများကတင်လုံးလုံးကလေးကိုတွေ့လိုက်ရသောအခါ
ချက်ချင်းဒူးထောက်ချလိုက်ပြီး ထိုင်ကန်တော့ကုန်ကြသည်။

"အို၊ နောက်ထပ်နတ်ဘုရားမလေးတစ်ပါး ကောင်းကင်ပေါ်ကနေ ဖြတ်ပျံသွားပါလား။"

မဟူရာကျောက်တုံးနိုင်ငံတွင် ပျံသန်းနေသော တင်လုံးလုံးနတ်ဘုရားမဒဏ္ဍာရီက
ဘာသာရေးတစ်ခုလို ကျယ်ပြန့်လာနေပြီး တင်လုံးလုံးနတ်သမီးရုပ်ထုကိုထုကာ
နတ်ကွန်းထား ကိုးကွယ်သည့် ဓလေ့ပင်
ပေါ်လာခဲ့ပေပြီ။ ပေါ်လာသည့်နှစ်မှာ ဆယ်နှစ်မပြည့်သေးသော်လည်း ယုံကြည်သူများလာသဖြင့် ဘုရင်ပင်ထိန်းမရတော့ပေ။ ထိုသို့မြင်ကွင်းကိုမြင်ရပါက သီးနှံအောင်မြင်ပြီး စီးပွားဖြစ်မယ့်နိမိတ်ဟုပင် ယူဆလာကြသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ရိုမီယိုမှာ
ကောင်းကင်တွင်အကာအကွယ်မဲ့ပျံသန်းနေသည့် နယ်စားကတော်တို့သားအမိနှစ်ယောက်ကို အပြစ်တင်ရုံမှအပ တခြားမရှိခဲ့ပေ။

တခြားနိုင်ငံမှလာသည့် အကြောင်းမသိသည့်မဟာမိတ်စစ်သားများကတော့ မျက်လုံးကိုပွတ်ကာ အမြင်မှားမမှား တွေးတောကာ ကျန်နေခဲ့ကြသည်။

စင်သီယာကတော့ မည်သူ့ကိုမှဂရုမစိုက်ဘဲ Mobile suit gudamဇာတ်လမ်းဟောင်းထဲမှ သီချင်းစာသားများကိုပင်
ညည်းညူနေသေးသည်။

တောင်ပိုင်းဒေသနှင့်နီးလာသောအခါ
တိုက်ပွဲမြေပြင်၏သက်သေများအဖြစ်
ပြိုကျပျက်စီးနေသော ကျောက်တောင်များနှင့် မြေတွင်းချိုင့်ကြီးများကိုပင်တွေ့ရသည်။ တချို့နေရာများ၌ ဓမ္မစွမ်းအားများပေါက်ကွဲနေသည်ကိုပင် မြင်ရပြီး
သူတော်စင်အဆင့်တိုက်ပွဲများဖြစ်ပေသည်။

"လာ...လာလာလာ...." စင်သီယာက ပင်မလက်နက်ဖြစ်သော Renewal
Excaliburဖြင့် ရန်သူ့သူတော်စင်တစ်ယောက်ကို ချိန်ပစ်လိုက်သည်။

Code15:What is wrong with my daughterWhere stories live. Discover now