Chapter 49

43 7 0
                                    

Code 15:Greatest Mistake
Chapter 49- စုန်းမလေးက ကမ္ဘာကြီးကိုကယ်တင်မယ်

"ဒီကောင်ကို နိုင်မယ့်နည်းလမ်းလုံးဝမရှိတော့ဘူးလား။"

ပိုင်ကျိုး၏နဖူးပေါ်မှ ချွေးများစီးကျလာသည်။ လူသဏ္ဍာန်ဗလာကောင်ကြီးက
သေမျိုးဖုန်မှုန့်တို့နှင်ကွဲပြားခြားနားစွာပင်
သံသရာဂိတ်တံခါးအတွင်း ပြာမှုန်အဖြစ်ပြောင်းလဲသွားသော်လည်း ထိုဖုန်မှုန့်များမှ ဗလာကောင်မှာပြန်လည်ဖြစ်တည်လာသည်။

ပိုင်ကျိုးက လက်ကိုဝေ့ယမ်းလိုက်ရာ
ကောင်းကင်ပေါ်တွင် ရွှေရောင်ချပ်ဝတ်ဝတ်ဆင်ထားသည့် စစ်သည်အပေါင်းထွက်ပေါ်လာသည်။

ထိုစစ်သည်များက မှော်တိုက်ကွက်ပေါင်းစုံဖြင့် ဗလာကောင်ကိုဝိုင်းတိုက်ကြသည်။
သို့သော်အကြိမ်ကြိမ်အခါခါ ဖျက်ဆီးခံရသည့်တိုင်အောင် ပြန်လည်ဖြစ်တည်လာနေဆဲဖြစ်၏။

နတ်တစ်ပိုင်းပညာရှင်အားလုံးက သီးခြားလေဟာနယ်အတွင်းမှ တိုက်ပွဲကိုကြည့်နေကြသည်။ သီးခြားလေဟာနယ်မှာ
အဝိုင်းပုံမှန်ချပ်သဖွယ်ဖြစ်နေပြီး ပိုင်ကျိုးမှ နိယာမစွမ်းအားများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ သို့သော်ပိုင်ကျိုးမှာ အခြေခံအားနည်းသော စိတ်ဝိညာဥ်နတ်ဘုရားဖြစ်ရာ သူ၏နိယာမကမ္ဘာအတွင်းအကြွင်းမဲ့အုပ်ချုပ်သူဖြစ်နေသော်လည်း
နတ်တစ်ပိုင်းအဆင့်တိုက်ပွဲစွမ်းအားထက်တော့ မကျော်လွန်ခဲ့ပေ။ ကမ္ဘာကြီးတစ်ခုလုံးအား ဖန်တီးထားသော်လည်း အကျယ်အဝန်းမှာ မြို့ကြီးတစ်မြို့စာသာရှိပြီး ပိုင်ကျိုးနားမလည်နိုင်သေးသည့် သဘာဝသဘောတရားများမှာ ဖြစ်တည်နေခြင်းမရှိပေ။ ထို့ကြောင့်တချို့နေရာများမှာ လစ်ဟင်းနေပြီး လေဟာနယ်ဟင်းလင်းပြင်သက်သက်သာဖြစ်နေသည်။

အထင်ရှားဆုံးဥပမာတစ်ခုမှာ ပိုင်ကျိုးသည် အချို့ကျေးငှက်များ၏ပုံသဏ္ဍာန်ကို အတိအကျမမှတ်မိခဲ့ပေ။ ထိုကျေးငှက်များက သူ၏ကဗျာတွင်ပါဝင်ခဲ့သော်လည်း အသေးစိတ်ဖော်ကျူးနိုင်စွမ်းမရှိသောကြောင့် သူတို့၏ပုံစံမှာမပြည့်စုံဘဲ ဟင်းလင်းပြင်ဖြစ်သွားလိုက် ဝေဝါးနေသည့် ငှက်တစ်ကောင်ဖြစ်သွားလိုက်ဖြစ်နေ၏။

Code15:What is wrong with my daughterWhere stories live. Discover now