BC 6

29 3 0
                                    

Code 15:Greatest Mistake
Bonus Chapter 6- ဝံပုလွေကြီး
အတင်းအလုပ်အပ်ခံရခြင်း

အပြာရောင်ဝတ်စုံနှင့် အမည်မသိသူ
ကောင်းမျိုးစစ်သည်များ၏ ဖမ်းဆီး
ခြင်းကို ခံရပြီးသည့်နောက် လိုဂန်ကြီး
မှာ သစ်သားလှောင်အိမ်တစ်လုံးထဲထည့်ကာတိရစ္ဆာန်များကို သယ်ဆောင်သည့်နည်းအတိုင်း မြို့တော်ထိတိုင်အောင် ခေါ်
ဆောင်လာခြင်းခံရသည်။ ချာရက်မြို့
မှာ နိုင်ငံ၏မြောက်ပိုင်းကျကျတွင်ရှိပြီး
အလယ်ပိုင်းရှိမြို့တော်သို့ လာရသည့်
ခရီးမှာ သက်သောင့်သက်သာမရှိလှပေ။

လီလီပန်းစစ်သည်တော်များမှာ အလွန်
ကပ်စေးနည်းကြ၏။ ညရောက်တိုင်း သူတို့ကိုယ်တိုင်က သိုးသားတစ်ကောင်လုံးကင်စားတတ်ကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့
ဟင်းကောင်းပြိုင်တတ်ကြသော်လည်း
ဝံပုလွေကြီးကိုမူ ပန်းသီးတစ်လုံးနှင့်ရေ
တစ်ခွက်သာတိုက်သည်။ သာမန်လူတစ်ဦးအ​တွက် မသေရုံတမယ်ကျွေးခြင်းဟု
သတ်မှတ်နိုင်ပြီး ဦးလေးကြီးလိုဂန်လို
နဂါးအဆင့်ကျင့်ကြံသူတစ်ဦးအတွက်မှု
အဆုံးအစွန်စော်ကားလိုက်ခြင်းပင်။

'အကျဥ်းသားတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ ကျင့်ဝတ်ကို နားမလည်ဘူးလား။ လူ့အခွင့်အရေးအဲလေ ဝံပုလွေအခွင့်အရေးဆိုတာ ဘာလဲမသိဘူးလား။'

"နေပါစေဦး၊ သောက်ကောင်လေးတွေ။
ငါအထွတ်အထိပ်ကိုရောက်မှ ဒီကောင်
​လေးတွေ ဖင်ပုပ်အောင်ရိုက်ပစ်မယ်။"

ဦးလေးကြီးလိုဂန်မှာ သူ့ကိုယ်သူ ဝတ္ထု
တစ်ပုဒ်၏ဇာတ်လိုက်တစ်ယောက်အဖြစ်
အမြဲလိုလိုတွေးထင်နေတတ်သည်။ယခင်
ကမ္ဘာတွင်ရှိစဥ်က သူဖတ်ခဲ့သမျှဝတ္ထုများ
တွင် ဇာတ်လိုက်တိုင်းမှာ isekaiခံရပြီး
အဆမတန်အစွမ်းထက်လာတတ်ကြသည်မဟုတ်လား။

သာမန်တိမ်မြုပ်နေသည့် ဇာတ်ရံဇာတ်ကောင်တစ်ယောက်ဖြစ်ရန်အတွက်မူ တစ်ခါမှသူတွေးမကြည့်ခဲ့ဖူးပေ။ ကံ
မကောင်းစွာဖြင့် ရှာဖွေသူစကြဝဠာကြီး
တွင် isekaiခံရပြီး ဇာတ်လိုက်မဖြစ်သွားသူများ တစ်ပုံတစ်ပင်ကြီးရှိနေပြီး ရေခဲ
တောင်ကြီး၏ထိပ်ဖျားလေးတစ်ခုစာသာ
ဇာတ်လိုက်များဘဝသို့ ရောက်လာတတ်
ခြင်းဖြစ်၏။ ဇာတ်ခွဲတစ်ခုတွင် ဖော်ပြခံ
ရသည်ကပင် အင်မတန်ကံကောင်းလှပြီ။

Code15:What is wrong with my daughterWhere stories live. Discover now