Chapter 42

48 7 0
                                    

Code 15:Greatest Mistake
Chapter 42- ကောင်းကင်ဥက္ကာခဲကမ္ဘာတစ်ခုလုံး ရူးသွပ်သွားပြီ

စင်သီယာက အလင်းအမှောင်မိုးကြိုးဓာတ်လုံးကြီး တဖြည်းဖြည်းနီးကပ်လာသောအခါ မျက်လုံးကိုမှိတ်ထားလိုက်သည်။

စုန်းမလေးစက်ရုပ်သည် ကောင်းကင်အဆင့်ဂေါ်လမ်များထဲတွင်ပင် အကောင်းဆုံးဖြစ်သည်။ သို့သော် စင်သီယာအနေဖြင့် စိတ်ကြိုက်တည်ဆောက်ရန် ကုန်ကြမ်းမရှိခဲ့ပါ။

အဓိကရင်ဘတ်အကာသည် ထာဝရရွှေကိုသုံးထားခြင်းဖြစ်သော်လည်း ရင်ဘတ်တစ်ခုလုံးဖုံးအုပ်နိုင်ရန်အတွက် နည်းပါးလွန်းသည်။ ထို့ကြောင့်နန်းနာဆီလီကွန်များဖြင့်ရင်လုံးလုံးလေးများကို အစားထိုးခဲ့ခြင်းဖြစ်၏။ ပုံမှန်လက်နက်များဖြင့်ရင်ဆိုင်ရချိန်တွင် ထိုရင်လုံးလုံးလေးများမှာ အီနားရှားကိုလျှော့ချပေးနိုင်ဖွယ်ရှိသော်လည်း နိယာမစွမ်းအားကိုမှု ထာဝရရွှေကသာ တားဆီးနိုင်ခြင်းဖြစ်သည်။

ပြောရမယ်ဆိုလျင် စုန်းမလေးစက်ရုပ်၏
တိုက်ခိုက်နိုင်စွမ်းသည်သာ ကောင်းကင်အဆင့်တွင်ရှိနေပြီး ခုခံနိုင်စွမ်းကတော့
မြေကမ္ဘာအဆင့်ထိပ်ဆုံးတွင်သာ ရှိနေသေးသည်။

အဆင့်နိမ့်မှော်လက်နက်တစ်ခုသည် မှော်စွမ်းအားအနည်းငယ်ကိုသာ ထည့်သွင်းနိုင်ပြီး ကနဦးဗီဇအဆင့်ရှိ တပည့်များသာအသုံးပြုကြသည်။ ထိုလက်နက်များ၏အားသည် သာမန်သတ္တုလက်နက်များထက် အနည်းငယ်သာလွန်ရုံသာရှိသည်။

အလယ်အလတ်အဆင့်များကိုမူ သွေးသားအဆင့်နှင့်အားနည်းသောဂိုဏ်းများမှ စိတ်ဝိညာဥ်အဆင့်တပည့်များကိုင်ဆောင်ကြသည်။ အဆင့်မြင့်လက်နက်များကိုမူ အင်အားကြီးဂိုဏ်းများ၏သာမန်တပည့်များနှင့် နိုင်ငံကြီးများ၏စစ်တပ်တွင်သာ လူစေ့တပ်ဆင်ပေးကြသည်။ သို့သော်ထိုလက်နက်သုံးမျိုးလုံးမှာ ထူးခြားသည့်စွမ်းအားမပါသည့် လက်နက်များသာဖြစ်သည်။

အထွတ်အမြတ်လက်နက်သည်တော့အထက်ပါလက်နက်များနှင့် ကွာခြားသွားခဲ့ပြီဖြစ်သည်။ အထူးလုပ်ဆောင်ချက်များနှင့်တိုက်ကွက်များပါဝင်ပြီး အဆင့်အနိမ့်ဆုံးအထွတ်အမြတ်လက်နက်သည် သားရဲအဆင့်တစ်ယောက်၏အစွမ်းကုန်တိုက်ခိုက်မှုနှင့် ဆင်တူပြီး အဆင့်အမြင့်ဆုံးလက်နက်သည် နဂါးအဆင့်ထိပ်ဆုံးတစ်ယောက်ကို သတ်နိုင်သည်အထိအားပြင်းသည်။

Code15:What is wrong with my daughterWhere stories live. Discover now