Map Version 2

74 2 0
                                    

Code 15:Greatest Mistake၏သရုပ်ဖော်မြေပုံ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Code 15:Greatest Mistake၏
သရုပ်ဖော်မြေပုံ

ယခင်မြေပုံအဟောင်းကို ဖြုတ်ချပြီး
ဇာတ်လမ်းနှင့်လိုက်အောင် ပြန်လည်
ပြင်ဆင်တည်းဖြတ်ထားခြင်း ဖြစ်ပါ
​သည်။ မြေမျက်နှာသွင်ပြင်နှင့်ပတ်
သက်၍လည်း အောက်ပါအတိုင်း
အသေးစိတ်တင်ပေးလိုက်ပါ၏။

မဟူရာကျောက်တုံးဧကရာဇ်နိုင်ငံ

ကုန်းမြေတိုက်ကြီး၏အရှေ့တောင်ဖက်တွင်ရှိကာ အနောက်ဘက်တွင်
နန္ဒဘုရင့်နိုင်ငံ၊ အနောက်မြောက်ဘက်
တွင် သီယွန်နပ်သာသနာပိုင်နိုင်ငံ၊ မြောက်ဘက်တွင် သွေးခြင်္သေ့ဘုရင့်
နိုင်ငံ၊ နှလုံးလှရေကန်နိုင်ငံတို့နှင့်ထိ
စပ်လျက်ရှိသည်။

တရားဝင်နာမည်အပြည့်အစုံမှာ
ကြီးမြတ်သော မဟူရာကျောက်တုံး
ဧကရာဇ်နိုင်ငံဖြစ်ပြီး နှစ်ရှစ်သောင်း
သမိုင်းရှိပြီဖြစ်သည်။ တည်ထောင်သူ
ပထမ ဖီးလစ်ဘုရင်ကြီးမှစတင်ကာ
နန်းဆက်ရှည်ကြာသော ဖီးလစ်မင်း
အုပ်စိုးခဲ့ကာ လက်ရှိဘုရင်မှာ ရိုမီယို
ဆေးဗားဖြစ်၏။

စည်းမျဥ်းခံဘုရင်စနစ်ဖြစ်ကာ သူကောင်းမျိူးများပါဝင်သော အတိုင်
ပင်ခံကောင်စီ၊ ရွေးကောက်ခံအရပ်သားများပါဝင်​သော လွှတ်တော်တို့မှစကားများကို ဘုရင်ကနားထောင်ရပြီး တရားဥပဒေနှင့်အညီ အုပ်စိုးခွင့်ရသည်။

မှော်ကျောက်တုံးနှင့်သတ္ထုမိုင်းများ
ပေါများပြီး နဂိုကတည်းက ကုန်ထုတ်
စွမ်းအားကောင်းပြီး စီးပွားရေးချောင်
လည်သည်။ ယခုအခါ စက်မှုလုပ်ငန်း
များပါရှိလာပြီ။

ပညာရေးအနေဖြင့်မူ စာပေတတ်မြောက်မှုမြင့်မားပြီး မြို့တိုင်း
တွင် စာကြည့်တိုက်များရှိသည်။
တော်ဝင်ကျောင်းတော်မှာ အိမ်နီးချင်း
နိုင်ငံများအကြားနာမည်ကြီးသည်။

Code15:What is wrong with my daughterWhere stories live. Discover now