Chapter 54

56 6 0
                                    

Code 15:Greatest Mistake
Chapter 54- ဘုရားကျောင်းအတွင်းက
ကလေးမလေး

ကမ္ဘာကြီး၏အန္တိမကံကြမ္မာကို သိနေသည့်အလား ဓားဝင်္ကပါကြီးသည် စတင်တုံ့ပြန်လာခဲ့သည်။ အထောင်အသောင်း
သောဓားတို့သည် မြေမှကျွတ်ထွက်လာကာ ကောင်းကင်သို့ထိုးတက်သွားကုန်၏။

ဓားသွားတို့၏အငွေ့အသက်များသည်
တစ်ခုနှင့်တစ်ခုမတူကြပေ။ တချို့က
မိုးနှင့်မြေကို ပိုင်းဖြတ်တော့မလိုထင်ရ၏၊
အချို့က ကောင်းကင်နှင့်မြေကြီးကြားမှ
အရာရာကို အုပ်စိုးလိုကြ၏၊ အချို့က
ခမ်းနား၏၊ အချို့က သာမန်ဆန်၏၊
အချို့က လျင်မြန်ပုံရ၏၊ အချို့က ရိုးရှင်း
ကာ အားပါသည်၊ အချို့ကတော့ ပရိယာယ်များ၏။

နိုင်ငံများဂိုဏ်းများဖြင့် ဖွဲ့စည်းထားသော
ကောင်းကင်ဥက္ကာခဲကမ္ဘာမှ မဟာမိတ်အုပ်စုကြီးသည် လှုပ်ရှားတက်ကြွလာသော သေခြင်းကိုးပါးအချုပ်ထောင်
အနီးသို့ ရောက်လာသည်။

မဟာမိတ်၏ခေါင်းဆောင်များသည်
ကမ္ဘာကြီး၏အင်အားအကြီးဆုံးတန်ခိုး
ရှင်များဖြစ်သော နတ်တစ်ပိုင်းများဖြစ်ကြ၏။ သူတို့ထဲမှ ပိုင်ကျိုးဆိုလျင် နတ်
မီးလျှံကို ဖွဲ့စည်းပြီးဖြစ်သော ဝိညာဥ်နတ်
ဘုရားတစ်ပါးဖြစ်သည်။ သို့တိုင်အောင်
သေခြင်းကိုးပါးအချုပ်ထောင်ကြီးသည်
သူတို့အတွက် နားမလည်နိုင်လောက်
အောင် ကြီးကျယ်ခမ်းနားလျက်ရှိသေးသည်။

ထိုအချုပ်ထောင်ကြီးကို ကောင်းကင်ဥက္ကာခဲကမ္ဘာမှ တည်ဆောက်ခဲ့ခြင်း
မဟုတ်ပေ။ သေခြင်းကိုးပါးဂိုဏ်းတော်
ကြီးက တည်ဆောက်ခဲ့ခြင်းဖြစ်၏။ ထို
ဂိုဏ်းတော်ကြီးသည် နတ်ဘုရားအဆင့်
များစွာကို ပိုင်ဆိုင်သည့် လောကသခင်
အဆင့် အင်အားစုကြီးတစ်ခုဖြစ်သည်။
သူတို့ကပင် အင်အားကြီးမားလှသော
သီယွန်နပ်ဘုရားကျောင်းကို ဤကမ္ဘာ
တွင် အခြေချပေးခဲ့ခြင်းဖြစ်၏။

လေဟာနယ်အက်ကွဲကြောင်းသည် ပို၍
မတည်မငြိမ်ဖြစ်လာသည်။ အာနဲမိုနဲမှာ လက်တစ်ဖက်က လှံကိုကိုင်ကာ တစ်ဖက်က လေးတစ်စင်းကိုဖန်ဆင်းရင်း အက်ကြောင်းအတွင်းမှ အမြန်ပျံသန်းထွက်လာသည်။ သူက မီးလောကဓာတ်လှံတံရှည်ကြီးကို ​လေးပေါ်တင်လိုက်ပြီး ​လေဟာနယ်အက်ကွဲကြောင်းဖက် ပြန်ချိန်လိုက်၏။

Code15:What is wrong with my daughterWhere stories live. Discover now