Chapter 25

66 7 0
                                    

Code 15:Greatest Mistake
Chapter 25- နှလုံးလှရေကန်စောင့်ရှောက်သူနှင့်တွေ့ခြင်း

မဟူရာကျောက်တုံးတောင်တန်းဒေသကား ကျောက်တုံးကျောက်ဆောင် ထူထပ်ကာ သစ်ပင်အနည်းငယ်သာရှိသည်။ သို့သော် မှော်စွမ်းအင်အထူထပ်ဆုံးနေရာတစ်ခုဖြစ်ပြီး ကျင့်ကြံခြင်းအတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
ကျင့်ကြံသူအများစုမှာ နဂါးအဆင့်သို့ရောက်သည်နှင့် လေ့ကျင့်ရန်အတွက် တောင်တန်း​ဒေသသို့ လာရောက်လေ့ရှိကြသည်။ မှော်စွမ်းအင်ထူထပ်ခြင်းအပြင် တောင်တန်းဒေသပေါ်တွင်
ရှိနေသည့် အမျိုးမျိုးသော သဘာဝရတနာများကလည်း ထိုပညာရှင်များ၏
ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်သည်မဟုတ်လား။

တောင်ကုန်းလေးတစ်ခုကို ဧရာမသတ္တုရုပ်ကြီးက ပြေးတက်နေသည်။ သတ္တုရုပ်ကြီး၏နောက်ကျောမှ ရေနွေးငွေ့များပြုံထွက်နေပြီး အဆုံးအစွန်စက်အားကို အသုံးပြုထားရကြောင်းဖော်ပြနေသည်။

"မမလေး စင်သီယာ၊ ကျွန်တော်တို့က
ဘယ်အထိသွားမှာလဲ။ ဒီလောက်နက်တဲ့နေရာကို နဂါးအဆင့်တွေတောင်တော်ရုံမလာရဲကြဘူး။"

သတ္တုဂေါ်လမ်ကြီး၏ လူနေရန်ပြုလုပ်ထားသော အခန်းထဲတွင် မင်းသားသီးဆီးယပ်က ထိုင်နေရင်းမေးလိုက်သည်။

အစက စင်သီယာမှာ သူ့ကိုမလိုက်ခိုင်းခဲ့သော်လည်း ထိုအကောင်ကအတင်းတွယ်ကပ်နေသောကြောင့် ရွေးချယ်စရာမရှိဘဲ ဂေါ်လမ်ပေါ်တင်ခေါ်လာရခြင်းဖြစ်သည်။ ထိုအကောင်မှာ ခွန်အားနည်းကာ နှာဘူးကျသည့်အပြင် အလွန်အမင်းလဲ ခေါင်းမာလေသည်။

စင်သီယာက...

"ငါက အနက်ဆုံးအပိုင်းမှာရှိတဲ့ နဂါးအသိုက်ကိုသွားမှာ။" နဂါးအသိုက်ဆိုသည့်စကားကိုကြားသည်နှင့် သီးဆီးယပ်မှ
ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ရောယောင်ကာထိုင်ခုံမှ ထလိုက်မိသည်။ ဂေါ်လမ်ကအမြန်နှုန်းဖြင့် သွားလာနေသည့်အတွက်ကြောင့် အီနားရှားဒဏ်ဖြင့် သီးဆီးယပ်မှာ ကျည်ကာမှန်အမိုးနှင့်ဝင်ဆောင့်မိတော့သည်။

"အားယိုးယိုး..." သူက ဘုထသွားသော
သူ၏ခေါင်းကိုဆုပ်ကိုင်ရင်း ပြောလိုက်သည်။

Code15:What is wrong with my daughterWhere stories live. Discover now