Chapter 36

47 7 0
                                    

Code 15:Greatest Mistake
Chapter 36- စုန်းမလေး စစ်ပွဲထဲဝင်လာပြီ

ပန်းရောင်တိုက်ပွဲဝင်စက်ရုပ်က လေထုထဲတွင် အတောင်ကိုဖြန့်ကာ ပျံသန်းနေသည်။ ဗဟိုချက်နည်းပညာက လေထုထဲမှစွမ်းအားများကို စုပ်ယူပေးနေပြီး ဂျက်အင်ဂျင်ကိုအားဖြည့်ပေးနေသည်။
ကျောပိုးဂျက်မှ အပြာရောင်မီးတောက်ထွက်ပေါ်နေသည်ကို ကောင်းစွာမြင်နိုင်၏။

"ဟူးရေး... ပထမဆုံး အဆင့်မီBattlerကို အခုမှပြန်မောင်းရတော့တယ်။"

စင်သီယာက ပဲ့ထိန်းစီရာတိုင်ကိုကိုင်ပြီး
ကောင်းကင်ပေါ်တွင် အမျိုးမျိုးလှည့်ပတ်ကာ ပျံသန်းနေသည်။ ပိုင်ကျိုးက အသံလွှင့်ချန်နယ်မှတစ်ဆင့် စင်သီယာလေး၏ ချစ်စဖွယ်အသံလေးကိုကြားနေရသည်။

"နေပါဦး၊ သူအရင်က မောင်းဖူးလို့လား။
ထားပါလေ၊ ညီမလေး ပျော်ရင်ပြီးတာပဲ။"

စင်သီယာက ဆောင်ဟိုင်ဆိုသည့် ၁၇နှစ်အရွယ် ကောင်လေးတစ်ယောက်၏မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့်အကြောင်း ပိုင်ကျိုးမသိပေ။ စင်သီယာကလည်း ပြောပြမည့် အစီအစဥ်မရှိပေ။ မှတ်ဉာဏ်များ ပြန်ရလာပြီးပြီးခြင်းညီလေးမရှိတော့သည့် ခံစားချက်က ပျော်စရာတော့မဟုတ်ပေ။ ပျော်စရာကိစ္စများထဲတွင် စိတ်နှစ်ပြီး မေ့ထားသည်ကပိုကောင်းလေသည်။ လူတိုင်းသတိမထားမိကြသည့်အချက်မှာ စင်သီယာသည် တိမ်ပုလဲသီးများစားမိပြီး စိတ်ဓာတ်ကျသွားသည့်နောက်ပိုင်းတွင် ဆောင်ဟိုင်၏ဘဝကို အသေးစိတ်ပြန်မှတ်မိခဲ့ခြင်းဖြစ်သည်။

သို့သော် မမကျဲကျဲဘယ်သူမှန်း သူမမှတ်မိတော့။ ထိုအစ်မကြီး၏လုံးဝန်းသည့်ရင်သားများကိုသာ မှတ်မိပြီး မျက်နှာမှာ ရုပ်ရှင်ဆင်ဆာမိထားသလို ဝါးတားတားဖြစ်နေသည်။

သေချာတာပေါ့၊ ဒါမေမေမိုနဲ တားမြစ်နယ်မြေထဲ ဝင်မသွားခင်က ကလိသွားခြင်းဖြစ်သည်။ တချို့ကိစ္စများက မသိတာ ပိုကောင်း၏။

တင်လုံးလုံးရင်လုံးလုံး စက်ရုပ်မလေးက
မဟူရာကျောက်တုံးတောင်တန်းရှိ တောင်ရာပေါင်းများစွာကို ဖြတ်ကျော်ပျံသန်းနေ၏။ ကိုယ်ကိုတစ်ပတ်ပတ်လိုက်တိုင်း
ရင်ဘတ်ရှိ အိအိကလေးများက လှုပ်ခါသွားသည်။ စင်သီယာက အိကျိကလေးများကို အစစ်အမှန်နှင့်တူစေရန် နာနိုဆီလီကွန် ချပ်ဝတ်နည်းပညာကို သုံးခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရရာမှ ဖြစ်လာသည့် တွန်းအားကို လျှော့ချပေးနိုင်သည့်အပြင် စတိုင်လည်းကျပြီး စုန်းမလေးနာမည်နှင့်လည်း ပိုလိုက်ပေသည်။

Code15:What is wrong with my daughterWhere stories live. Discover now