Chapter 23

64 10 0
                                    

Code 15:Greatest Mistake
Chapter 23-ငါက နင်တို့အထင်ကြီးနေတဲ့ အရူးနတ်ဘုရား

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်
လူငယ်တစ်ဦးက မိုးကောင်းကင်ကြီးကို
မော့ကြည့်နေသည်။ သူ၏ခါးတွင်ယင်ယန်စက်ဝန်း အမှတ်သင်္ကေတဆွဲပြားကို ချိတ်ဆွဲထားပြီး ကျောတွင်မက်မွန်သားဓားကို ပိုးထားသည်။ သူ၏ပုံစံကငယ်ရွယ်သော တာအိုဆရာလေးတစ်ယောက်နှင့်တူနေသည်။

မိုးကောင်းကင်ကြီးက မှောင်မည်းသောတိမ်နက်များဖြင့်ပြည့်နေပြီး နေရောင်ခြည်ပင် မထိုးဖောက်နိုင်ပေ။
မိုးခြိမ်းသံများကို မကြာခဏကြားနေရပြီး လေပြင်းများတိုက်ခတ်နေလေရာ
လူငယ်လေး၏အဝတ်အစားများက တဖျတ်ဖျတိခတ်နေသည်။

"ငါပိုင်ကျန်း ဒီနေရာအထိရောက်လာတာ၊ နတ်တစ်ပါးအဖြစ် အဆင့်တက်ပြီးတော့ ထာဝရမသေနိုင်တဲ့ဘဝကိုရဖို့ပဲ။
မိုးကောင်းကင်ကို ဆန့်ကျင်ရမယ်ဆိုရင်တောင် ငါမကြောက်ဘူး။"

လူငယ်လေးက မက်မွန်သစ်သားဓားကို
ဆွဲထုတ်လိုက်သည်။ မိုးကောင်းကင်မှ
အပြာရောင်ကပ်ဘေးမိုးကြိုးက ကျဆင်းလာသည်။ လူငယ်လေးက သူစုဆောင်းထားသော ဓမ္မစွမ်းအားများကိုထုတ်ဖော်လိုက်သည်။

လူငယ်လေး၏ခန္ဓာကိုယ်မှ မှော်စွမ်းအားအများအပြား ထွက်လာပြီး စာရွက်များအဖြစ် အသွင်ပြောင်းသွားကာ မိုးကြိုးကိုခုခံလိုက်သည်။ မိုးကြိုးက စာရွက်ကိုဖောက်ပြီး ပိုင်ကျန်း၏ငယ်ထိပ်တည့်တည့်မှန်သွားသည်။

"ဖူး...ဖလူး...." လူငယ်လေးက ပလက်ပေါက်ထဲ လက်ထိုးထည့်မိသည့်
သနားစရာလူတစ်ယောက်လို နှစ်ချက်ခန့်အကြောဆွဲပြီးနောက် ဒူးထောက်ကျသွားသည်။

"လာစမ်း...ကောင်းကင်ကပ်ဘေး...
ဒီအရှင်သခင်နဲ့လာတိုက်စမ်းပါ။"

သို့သော် မိုးကောင်းကင်မှ ကပ်ဘေးမိုးကြိုးက တိမ်ထဲပြန်ဝင်သွားပြီး နွေးထွေးသောနေရောင်ခြည်က ပြန်လည်ကျဆင်းလာသည်။

"ဟေး... နင်မပြေးနဲ့လေ၊ ငါက ကပ်ဘေးဖြတ်ကျော်မလို့ဟ။" လူငယ်လေးပိုင်ကျန်းမှာ ရေးကြီးသုတ်ပျာဖြင့် ထွက်ခွာသွားသော တိမ်များနောက်ကို အပြေးလိုက်သွားသည်။ သို့သော် တိမ်များက
သူ့ကိုကျော်တက်ပြီး ပျောက်ကွယ်သွားကြသည်။

Code15:What is wrong with my daughterWhere stories live. Discover now