Chapter 27

73 9 0
                                    

Code 15:Greatest Mistake
Chapter 27- ဒေါသနဂါးနှင့်တွေ့ကြလေပြီ

နန်းမြင့်မျှော်စင်ဂိုဏ်း ဂိတ်ပေါက်ဝ။

ဒီနေ့ကင်းလှည့်ကျသော တပည့်အုပ်စုမှာ
လက်နက်များကို မြေမှာထောက်ထားရင်း
ပျော့ခွေကျနေကြသည်။ ၇ရက်ပတ်လုံး
ထမင်းမစားထားရသည့် ရုပ်မျိုးဖြစ်နေသည်။ သူတို့အားလုံးက ဂိတ်ပေါက်တွင်ရပ်ကာ အော်ဟစ်နေသော အစ်မကြီးမိုနဲထံမှ အကြည့်မခွာနိုင်ကြ။

ပိုးသားညဝတ်အင်္ကျီရှည်၏အဟမှ ရှေ့သို့ထွက်နေသော ပေါင်တံဖြူဖြူတုတ်တုတ်လေး။ အရိုးမရှိသယောင်ထင်ရသော ခြေသလုံးကြွက်သားလေးနှင့် အတွင်းထဲက ဇာနက်အတွင်းခံလေး။
ဂိုဏ်းတပည့်များမှာ ထိုမြင်ကွင်းကြောင့်
ရှိသမျှအားအင်များ ပျောက်ကွယ်သွားသလိုခံစားရသည်။

"သူက အမှောင်ဂိုဏ်းနှစ်ဂိုဏ်းထဲက မိုးနတ်မယ်ဂိုဏ်းက လာတာများလား။ အဲဒါသာဆိုရင်တော့ သတင်းဆိုးပဲ။ ငါတို့တွေအကုန်လုံး ခြောက်ကပ်သွားအောင်အစုပ်ခံရလိမ့်မယ်။" တပည့်ခေါင်းဆောင်အစ်ကိုကြီးဝူက မေမေမိုနဲ၏ဝတ်ရုံရှည်အကြား တစ်ဝက်ပေါ်နေသောရင်နှစ်မြွှာကိုကြည့်ကာ တံထွေးကိုမျိုချရင်းပြောလိုက်သည်။

ဘေးမှလောင်စန်းဆိုသည့်တပည့်က အစ်ကိုဝူကို နားရင်းအုပ်လိုက်သည်။ သူက အပြစ်တင်သောလေသံဖြင့်

"ဘယ်ကမိုးနတ်မယ်ဂိုဏ်းကမှာလဲ၊ အဲဒီဂိုဏ်းက ဟာမတွေကိုငါမြင်ဖူးတယ်။ သူတို့ကိုမြင်ရတာ အရက်ပြင်းပြင်းကိုရေမရောဘဲသောက်ရသလိုမျိုးကွ၊ ဒါပေမဲ့ဒီမမက ဝိုင်နီနီကလေးလိုပဲ။ နှလုံးလှရေကန်က တစ်ယောက်ယောက်ဖြစ်နိုင်တယ်။"

လောင်စန်းက မိုနဲ၏လည်တိုင်ကလေးနှင့် ညှပ်ရိုးလှလှလေးကိုကြည့်ကာ ပြောလိုက်သည်။ သူ့မျက်လုံးများက ချက်ချင်းမျက်လုံးအိမ်မှကျွတ်ထွက်သွားတော့မယောင်ထင်ရသည်။

လောင်စန်းကိုလည်း အားဟူဆိုသည့်တပည့်က နားရင်းအုပ်လိုက်ပြန်သည်။ သူကတော့ မိုနဲ၏သန့်ရှင်းပြီးမိတ်ကပ်မပါသည့် သဘာဝမျက်နှာလေးနှင့်ဆံပင်ရှည်ရှည်များကို မက်မောစွာကြည့်နေသူဖြစ်သည်။

Code15:What is wrong with my daughterWo Geschichten leben. Entdecke jetzt