Chapter 18

81 11 0
                                    

Code 15:Greatest Mistake
Chapter 18: ငယ်ငယ်​ရွယ်ရွယ်နဲ့
အရွယ်ရောက်အခမ်းအနား လုပ်မလို့လား

ယနေ့တွင်တော့ ရိုရန်နယ်စားစံအိမ်တော်တွင် ဂုဏ်သရေရှိ လူကြီးလူကောင်းများစုစည်းနေကြသည်။ သူတို့အားလုံးက
နယ်စားသမီးတော်လေး စင်သီယာ ဆေးဗား၏ အသက်ဆယ့်တစ်နှစ်ပြည့်မွေးနေ့အတွက် ရောက်ရှိနေကြခြင်းဖြစ်သည်။

"အဲလ်အဆင့်မြို့စားကြီး ဟင်နရီနှင့်
ဇနီးကြွရောက်လာပါတယ်။"

"သိုရင်းနယ်စားနယ်မြေ နယ်စားကြီး
ဂလီမိုးနှင့်ဇနီးကြွရောက်လာပါတယ်။"

"ကောင့်အဆင့်မြို့စား..."

နိုင်ငံတစ်ဝှမ်းမှ အဆင့်မြင့်အဆင့်နိမ့်သူကောင်းမျိုး တစ်ဝက်ကျော်လောက်
စံအိမ်ဝန်းအတွင်းစုစည်းနေကြပြီး အားလုံးက စိတ်အားထက်သန်စွာဖြင့်
တက်ရောက်လာကြခြင်းဖြစ်သည်။ နယ်စားသမီးတော်လေးစင်သီယာမှာ ငယ်ငယ်လေးကတည်းက ချစ်စရာကောင်းသူ​ဖြစ်ပြီး ဉာဏ်ကောင်းသည့်ပါရမီရှင်မလေးဖြစ်ကာ တစ်တိုင်းပြည်လုံးတွင်ထင်ရှားသည်။ WSLoli အမှတ်တံဆိပ်
ကုန်ပစ္စည်းများကြောင့်ဖြစ်စေ မရောင်းချဘဲ သူ့ဘာသာတီထွင်ထားသောပစ္စည်းဆန်းများကြောင့်ဖြစ်စေ လူတိုင်းလိုလိုက သူ့အကြောင်းသိနေကြပြီ​ဖြစ်သည်။

"တူမေလေး၊ ကျုပ်က ဝန်ကြီးချုပ်
မယ်ဆင် ဆေးဗားလေ။ မင်းရဲ့ဦးလေးတော်တယ်။ ဒီတစ်ယောက်ကတော့ ငါ့သမီး၊မင်းရဲ့ဝမ်းကွဲအစ်မ ရိုဆယ်လီလေ။"

ယခင် တတိယမင်းသား၊ ယခု ဝန်ကြီးချုပ်ဖြစ်သော ခပ်ဝဝ ဦးလေးကြီးတစ်ယောက်က သူ၏နောက်မှ ဝဝကစ်ကစ်ကောင်မလေးတစ်ယောက်ကို ရှေ့ပို့လိုက်ပြီး စင်သီယာနှင့်မိတ်ဆက်ပေးလိုက်သည်။ စင်သီယာကတော့ထုံးစံအတိုင်း မာနကြီးနေသည်။ ခပ်ဝဝကောင်မလေးက သူကောင်းမျိုးတို့ထုံးစံအတိုင်း စကပ်ကိုမြှောက်ကာ ဦးညွှတ်လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ညီမလေး
စင်သီယာ။"

စင်သီယာကတော့ ထုံးစံအတိုင်း နှာခေါင်းမှ လေပူများမှုတ်ထုတ်လိုက်ပြီး
"ဟွန်း၊ နင်က ရိုဆယ်လီလား။ ငါ့ရဲ့ငယ်ကျွန်ကြီးတစ်ယောက်ဖြစ်လာဖို့
အဆင့်မမီသေးဘူး။ အရင်ဆုံးဝိတ်ချသည့်တယ်။"

Code15:What is wrong with my daughterWhere stories live. Discover now