Chapter 13

96 14 0
                                    

Code 15:Greatest Mistake
Chapter 13- သမီးလေး ကျောင်းတက်ရတော့မယ်

၅ နှစ် ကြာပြီးနောက်။

မဟူရာကျောက်တုံးနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းမှာ အတော်လေးပြောင်းလဲသွားပြီဟု ဆိုရပေမည်။

တိုင်းပြည်၏တာဝန်ကို ၃၄၄နှစ်တိုင်တိုင်
ထမ်းဆောင်ခဲ့သော ဘုရင်ကြီး ဖီးလစ် (၃)က သူ၏ဒုတိယသားတော်လေး ရိုမီယိုကို ရင်ခွင်ပိုက်ဘုရင်အဖြစ်ခန့်အပ်ပြီး
တတိယသားတော်ကို ဝန်ကြီးချုပ်အရာ
အပ်နှင်းလိုက်သည်။

ယခင်က စစ်မှုရေးရာအမတ်ကြီးဖြစ်လာမည်ဟု အားလုံးယူဆထားသော ပထမမင်းသား သီအိုဒေါ်မှာ စွန့်စားသူဘဝသုံးနှစ်တာကာလအတွင်း မိမိအဖော်သုံးယောက်အပါအဝင် စွန့်စားသူဆယ့်တစ်ယောက်တိတိကို သတ်ဖြတ်ခဲ့သည့်အမှုကြောင့် နယ်နှင်ဒဏ်ပေးခံလိုက်ရသည်။

သရဖူဆောင်းမင်းသားကြီးတစ်ဖြစ်လည်း ဒုတိယမင်းသားရိုမီယိုမှာ စွန့်စားသူဘဝ သုံးနှစ်ကာလအတွင်း အမျိုးမျိုးသောစွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့ပြီး ထိုထဲမှတချို့မှာ ကောင်းကင်ဥက္ကာခဲ
တစ်ခုကိုရှာတွေ့ခြင်း၊ မြောက်ပိုင်းဒေသများတွင် သောင်းကျန်းနေသော နဂါးကျားမိစ္ဆာကို အနိုင်ယူခဲ့ခြင်းနှင့် အိမ်နီးချင်းနန္ဒဘုရင့်နိုင်ငံမှ နာမည်ဂုဏ်သတင်းကြီးမားလှသည့် အမျိုးသမီးသူရဲကောင်း အာနဲမိုနဲကို နိုင်ငံသို့ဖိတ်ခေါ်နိုင်ခဲ့ခြင်းတို့ဖြစ်သည်။ အနည်းငယ်တဏှာရူးတတ်ရုံမှအပ တခြားပြဿနာကြီးကြီးမားမားမရှိသည့် မင်းသားဖြစ်သောကြောင့် သူဘုရင်ဖြစ်လာခြင်းကို
သူကောင်းမျိုးအများအပြားက ထောက်ခံကြပြီး ပြည်သူများကလည်း ကြိုဆိုကြသည်။ ဘုရင်သစ်ရိုမီယိုမှာ ငယ်စဥ်ကတည်းက မိဘများကတိရှိခဲ့သည့်အတိုင်း အ​ခြားအိမ်နီးချင်းတိုင်းပြည်ဖြစ်သော နှလုံးလှရေကန်နိုင်ငံမှာ မင်းသမီးသီလီနှင့် လက်ဆက်ခဲ့ပြီး လေးနှစ်ဆက်တိုက် ကလေးလေးယောက်မွေးခဲ့လေရာ တိုင်းပြည်တွင် မင်းသားအသစ်သုံးပါးနှင့် မင်းသမီးအသစ်တစ်ပါး ပေါ်ထွန်းလာလေတော့သည်။

မိတ်ဆွေသုံးယောက်အနက် နယ်စားသားတော် ဝီလီယံမှာတော့ မိဘများအမွေထားခဲ့သည့် ရိုးရန်နယ်သို့ ဇနီးဖြစ်သူ
မိုနဲနှင့်ပြန်သွားခဲ့ပြီး နယ်စားအရိုက်အရာကို ဆက်ခံခဲ့သည်။ တစ်သက်လုံးကျန်းမာချမ်းသာစွာဖြင့် နေသွားရတော့မည်ဟု
လူတိုင်းထင်ထားသည့်တိုင်အောင် နယ်စားကတော်မိုနဲမှာ တစ်ဦးတည်းသောသမီးလေးကို ဖွားမြင်ပြီးနောက် တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားလေတော့သည်။

Code15:What is wrong with my daughterWhere stories live. Discover now