AFS Chapter 4

111 8 0
                                    

Code 15:Greatest Mistake
အပိုင်းပို- သီလီယာအတွက် အိပ်ရာဝင်ပုံပြင်

[စာရေးသူ၏မှတ်စု- ကျွန်တော့်အနေနဲ့
နတ်သော်လွင်ရဲ့နောက်ဆုံးarcနဲ့အတူ
ဖန်ဆင်းရှင်ကိစ္စကို အပြီးသတ်ဖို့ရှိနေပါပြီ။
ဒါပေမဲ့ Nigh lvl တိုက်ပွဲတွေအထိပါလာမှာ
ဆိုတော့ ရေးဖို့အသင့်မဖြစ်သေးတာကြောင့်
သေချာပလန်ချဘာညာလုပ်နေပါတယ်။
Overlordတွေရဲ့စွမ်းအားတွေListထုတ်
တာဘာညာပေါ့။ လောကသုံးပါးရဲ့နတ်တွေ နဲ့ချတဲ့အခန်းလည်း ပါလာဦးမှာပါ။ actionချည်းအသားပေးဖတ်ရမယ်ပေါ့။
လောလောဆယ်တော့ ရုတ်တရက်အကြံရ
လာတဲ့ သီလီယာအပိုင်းပိုလေးဖတ်ကြည့်
ပေါ့။]

မဟူရာကျောက်တုံးတောင်တန်းဒေသ၊
ဂိုရန်တောင်​ခြေရှိ ဒေါသနဂါးစံအိမ်ကြီး။

နဂါးကြီးတိုက်ဖုန်းမှာ ရုတ်တရက်ကောက်ရ
လာသော သမီးလေးသီလီယာကြောင့် အလုပ်ရှုပ်လျက်ရှိသည်။ ကလေးအမေဖြစ်
သော စင်သီယာက နည်းနည်းလေးမှ သမီး
လေးကိုဂရုမစိုက်ရာ ကလေးထိန်းတာဝန်က
နဂါးကြီးပခုံးပေါ် ကျလာလေ၏။

ချက်ချင်းဆိုသလိုပင် ရတနာများနှင့်ပြည့်
နှက်နေသော ခန်းမကျယ်ကြီးထဲတွင် သမီး
လေးအတွက်ရွှေသားအတိပြီးသော အိပ်ရာ
ကုတင်၊ အလွန်နူးညံလှသော ဖဲမွေ့ရာ(စင်စစ်
တိုက်ဖုန်းကိုယ်တိုင် အမွှေးအတောင်နူးညံ
သောဖီးနစ်မျိုးနွယ်ဝင်ငှက်တစ်ကောင်ထံမှ
နှုတ်ပြီးပြုလုပ်ပေးထားခြင်းဖြစ်။)၊ ကလေး
များအတွက် အကောင်းဆုံးအာဟာရဖြစ်စေ
မည့်မှော်သစ်သီးများဖြင့် ပြည့်သွားသည်။

ယခုတော့ သမီးလေးသီလီယာမှာအိပ်ရာပေါ်
တွင် စောင်ခြုံလျက်လှဲနေပြီး မျက်လုံးကြီး
ပြူးကျယ်လို့နေသည်။ အိပ်မပျော်ဖြစ်နေ
ခြင်းပင်။ လွန်ခဲ့သည့်ရက်အနည်းငယ်က
စင်သီယာမှာ သမီးလေးသီလီယာကို 'နင့်ကို
​မွေးဖူးတယ်လို့ မမှတ်မိပါဘူး။'ဟုပြောကာ
မောင်းထုတ်ခဲ့သောကြောင့် ဝမ်းနည်းပြီးရက်
ပေါင်းများစွာ အိပ်မပျော်ခဲ့ပေ။ မျက်လုံးများ
မှာနီရဲလို့နေပြီး မျက်ရည်များအဝိုင်းသား။ ငါးရက်လုံးလုံး ဘာမှကျွေးလို့လဲမရပေ။

Code15:What is wrong with my daughterOù les histoires vivent. Découvrez maintenant