Chapter 4

130 17 1
                                    

Code 15:Greatest Mistake
Chapter 4: စွန့်စားသူဘဝ

ဝီလီယံနှင့်ရိုမီယိုတို့မှာ တည်းခိုခန်း၏
အစုတ်ပြတ်ဆုံးအခန်းအတွင်း နိုးထလာကြသည်။ မြင်းဇောင်းနှင့်အင်မတန်နီးလွန်းသည့်အပြင် ရေအိမ်မှာလည်း မလှမ်းမကမ်းတွင်ဖြစ်သောကြောင့်
မြင်းမစင်နံအပြင် လူမစင်နံပါ အဆစ်ပါအောင် တစ်ညလုံးရှူနေရသည်။ သစ်သားပျဥ်ချပ်များကို ခပ်ကျဲကျဲကာရံထားသောအခန်းဖြစ်ရာ ညဖက်လေအေးများကြောင့် နှစ်ယောက်လုံးခဲသေမတတ်ဖြစ်နေကြသည်။ ကံကောင်းသည်မှာ ယခုမှ ဆောင်းဦးရာသီဖြစ်သည်။ ဆောင်းရာသီဝင်လျင်တော့ နှစ်ယောက်လုံးအမှန်တကယ် အသက်ထွက်သွားဖို့များသည်။

နောက်နေ့ဝတ်စရာမရှိမည်ဆိုးသဖြင့်
သူတို့နှစ်ယောက်လုံးက ရွာသူကြီး၏အစေခံအကျ အစုတ်အပြဲအဝတ်များကို ချွတ်ပြီး ပြတင်းပေါက်တန်းပေါ်တွင် လှမ်းထားခဲ့ကြသည်။
သူတို့နှစ်ယောက်မှ ဘောင်းဘီကိုသာဝတ်ပြီး အင်္ကျီကိုပုခုံးပေါ်တင်ကာ တည်းခိုခန်းနောက်ဖေးမှ ရေဆင်းမြောင်းလေးဆီသို့
လာခဲ့ကြသည်။

ပုံမှန်အားဖြင့် မြို့သူမြို့သားများမှာ အခပေးရေချိုးအိမ်များ၌ ရေချိုးတတ်ကြသော်လည်း ငမွဲမင်းသားနှင့်သူ၏အပေါင်းအပါမှာမူ ငွေအပိုမရှိသဖြင့် မြို့သားများ အဝတ်လျှော်ရာတွင်သုံးသော ရေမြောင်းတွင် ရေချိုးနေရခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ရေဆင်းစနစ်ကောင်းသောကြောင့် မြောင်းရေသန့်လေရာ ကိုယ်ခန္ဓာကို သန့်ရှင်းရေးလုပ်ရန် လုံလောက်ပေသည်။ မြောင်းရေသန့်သည်ဆိုသော်လည်း ပြဿနာအားလုံး
ပြေလည်သွားသည်တော့မဟုတ်ပေ။ မနက်စောစောစီးစီးဖြစ်၍ ရေမှာ အရိုးခိုက်အောင် အေးလေသည်။ ဆောင်းဝင်ပြီဆိုသည်နှင့် ရေဆင်းမြောင်းမှာ ခဲသွားတတ်သည်မဟုတ်ပါလား။

ခပ်အေးအေးရေကို လက်ဖြင့်ခပ်ကာ
ကိုယ်ပေါ်ပက်ဖြန်းပြီးနောက် ဆိုင်မီးဖိုချောင်မှ တောင်းလာသော မီးသွေးခဲ
နှစ်တောင့်ကိုထုတ်ကာ သွားကိုပွတ်တိုက်လိုက်ကြသည်။ နန်းတော်တွင်ရှိစဥ်အခါက ဆားနုနုနှင့်ဆေးဖက်ဝင်အပင်များဖြင့်
ဖော်စပ်ထားသော ခံတွင်းသန့်ဆေးအကောင်းစားကို သုံးခဲ့ကြသည့်တိုင် ယခုတော့ ရောမကျင့်ရောမကြံကြံနေကြရသည်။

Code15:What is wrong with my daughterWhere stories live. Discover now